နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

နေပြည်တော်   စက်တင်ဘာ   ၃၀


နေပြည်တော်ကောင်စီဥက္ကဋ္ဌ   ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ကံဦးကျေးရွာရှိ ဦးခိုင်ထွန်း၏ ဥစားဘဲမွေးမြူရေးခြံသို့ ရောက်ရှိပြီး ဥစားဘဲများ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ထို့နောက်   နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ အုပ်စု မွန်းတည့်ခွင်ကျေးရွာရှိ ယူရီမြန်မာမွေးမြူရေး အစာထုတ်လုပ်ငန်း၌ မွေးမြူရေးအစာထုတ်လုပ်မှုနှင့် ဖြန့်ချိရေးလုပ်ငန်းများကိုလည်းကောင်း၊ မအူတော ကျေးရွာအုပ်စု စိမ်းစားပင်ကျေးရွာရှိ မြန်မာ-ကိုရီး ယား အဆင့်မြင့်ဆန်စက်၌ စက်ရုံအတွင်း ဆန်ကြိတ် ခွဲထားမှုများနှင့် စပါးအခြောက်ခံစက်များကိုလည်း ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌ   ရေဆင်းကန်ဦးကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိလာသ  မဟာထေရ်မြတ်နှင့်  ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ မဟာရတနာသိုက်ချောင်း တပ်ဦးကျောင်းတိုက်  ပဓာနနာယကဆရာတော် ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂေါဘာသ မထေရ်မြတ်တို့ ထံ  သွားရောက်ဖူးမြော်ကြည်ညိုပြီး သင်္ကန်း၊ ဆွမ်း ဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ 


ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာ အုပ်စု  ဝန်ပြန်ကျေးရွာရှိ   ဘမ်ဘူးဝါးကုန်ထုတ် သမ ဝါယမအသင်းလီမိတက်၊ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်း၊ ဘမ်ဘူး ဝါးကုန်ထုတ်လုပ်ငန်းစုသို့ သွားရောက် ၍ ဝါးလက်မှုလုပ်ငန်းများ ထုတ်လုပ်နေမှုကိုလည်း ကောင်း  (အပေါ်ယာပုံ)၊  သစ်တပ်ကျေးရွာအုပ်စု ကြို့ပင်ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ကွင်းအတွင်း ယူရီယား ဓာတ်မြေဩဇာတစ်ဆနှင့်    သဘာဝမြေဩဇာ သုံးဆရောစပ်၍    ကြဲပက်နေမှုကိုလည်းကောင်း   ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ သည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်နေသည့်   သံလွင်လမ်းမကြီး    ဘဲကုန်း မီးပွိုင့်မှ နေပြည်တော်ဘူတာကြီးအထိ လမ်းမကြီး ဘေးဝဲယာတွင်  လူသွားပလက်ဖောင်း၏နောက်မှ လမ်းမကြီးထက်  မြင့်တက်နေသည့်  မြေသားများ လွှာထုတ်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး   လုပ်ငန်းများ   အချိန်မီပြီးစီး ရေး၊ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်