
နေပြည်တော် မေ ၄
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည် တော်ကောင်စီဝင်များ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်း က နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိ ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ် ချိန်တွင် ကျောင်းသား ကျောင်းသူ များ အေးချမ်းစွာ ပညာသင်ကြား နိုင်ရေးအတွက် စာသင်ခန်း ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ကျောင်းသား ကျောင်းသူများအား နွေရာသီ ကျောင်းပိတ်ရက်တွင် ဘင်ခရာသင်တန်း ဖွင့်လှစ် သင်ကြားနေမှု၊ ကျောင်းသား ကျောင်းသူများ လေ့လာသင်ကြား နိုင်ရန်အတွက် ကွန်ပျူတာခန်း နှင့် စာပေဖတ်ရှုလေ့လာနိုင်ရန် အတွက် ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ထားရှိများကို ကြည့်ရှု အားပေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက စာကြည့်တိုက် များတွင် ၃၈ ဖြာ မင်္ဂလာကဗျာများ၊ စာကြည့်တိုက်နှင့် ပတ်သက်သည့် ဆောင်ပုဒ်များနှင့် အဆိုအမိန့်များ ထားရှိရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ အမှိုက်များကို စနစ်တကျစွန့်ပစ်သည့် အလေ့ အထဖြစ်အောင် ဆောင်ရွက်ပေး ရေးနှင့် လိုအပ်သည်များကို တာဝန် ရှိသူများအား မှာကြားပြီး ကျောင်း စာကြည့်တိုက်အတွက် ၃၈ ဖြာ မင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုး နှင့် ပြည်သူ့နီတိစာအုပ်များကို ပေးအပ်သည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အ.လ.က (၃)သို့ ရောက်ရှိပြီး ကျောင်း စာကြည့်တိုက်နှင့် ကျောင်း စာသင်ခန်းများကို ကြည့်ရှုစစ်ဆေး ကာ ကျောင်းစာကြည့်တိုက် အတွက် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ် များကို ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီ ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင် ရွက်နေသည့် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ခတ္တာလမ်း၊ ဘူးကွဲချောင်း မြေထိန်းနံရံ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး နေပြည် တော်ကောင်စီဥက္ကဋ္ဌက လိုအပ် သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထိုမှတစ်ဆင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူ ရပ်ကွက်(နယ်မြေ-၁၀)အတွင်းရှိ သုတဘဏ် စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်တွင် ရပ်ကွက်အတွင်းရှိ လူငယ်လူရွယ် များ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးကာ စာကြည့် တိုက်အတွက် ၃၈ ဖြာ မင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိ စာအုပ်များကို ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ သတင်းစဉ်