နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း ရေဝင်ရောက်မှုနည်းပါးသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဧပြီ    ၂၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦး လွင်သည်     နေပြည်တော်ကောင်စီဝင်များဖြစ်ကြ သည့်  ဗိုလ်မှူးကြီး  မင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ    ဒုတိယမြို့တော်ဝန်    ဦးမောင်မောင်၊   အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း  ရေဝင်ရောက်မှု နည်းပါးသည့်  အခြေအနေကို  ယနေ့မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ဒုတိယ မြို့တော်ဝန်  ဦးမောင်မောင်နှင့်  တာဝန်ရှိသူများ ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း ရေဝင်ရောက်မှု နည်းပါးသည့် အခြေအနေများအား  သက်ဆိုင်ရာကဏ္ဍ များအလိုက် စီမံဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က ရေပြန်လည်ရရှိရေး၊  ကန်တော် မင်္ဂလာရှမ်းကန်  အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊   ကန်ပတ်ဝန်းကျင် သာယာလှပရေးများကို အလေး ထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များ ကို လမ်းညွှန်မှာကြားသည်။ မျိုးသီဟ (ပြန်/ဆက်)