
နေပြည်တော် ဇူလိုင် ၃
ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ ဘဏ်လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ဘဏ်ဝန်ဆောင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရက်တိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ ဘဏ် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာမောင်မောင်နိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။
အလုပ်ရုံဆွေးနွေးပွဲကို ဘဏ်ဥက္ကဋ္ဌနှင့် ဒါရိုက်တာ များအပါအဝင် ဘဏ်အရာထမ်း၊ အမှုထမ်း ၅၀ တက်ရောက်ကြပြီး နည်းပြဆရာများဖြစ်သော မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ မြန်မာနိုင်ငံစာရင်းကောင်စီ အမှုဆောင်အဖွဲ့ဝင်(Win Thin & Associates-Certified Public Accountants-CEO) ဦးမိုးကျော်၊ Mandalay Technology Co.,Ltd မှ Managing Director ဒေါက်တာဇော်နိုင်၊ ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်စိုး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသူရိန်အောင်နှင့် Myanmar Payment Union မှ ဒုတိယဦးဆောင်ညွှန်ကြား ရေးမှူး ဒေါ်နှင်းဝေစီတို့ကို ဖိတ်ကြား၍ ဇူလိုင် ၃ ရက်၊ ၄ ရက်နှင့် ၁၀ ရက်တို့တွင် ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။
ယခုကဲ့သို့ ရက်တိုအလုပ်ရုံဆွေးနွေးပွဲကို ပို့ချ ဆွေးနွေးခြင်းအားဖြင့် ဘဏ်၏ ဒါရိုက်တာများနှင့် ဝန်ထမ်းများ၏ အရည်အသွေးဆိုင်ရာ ပိုမိုကျွမ်းကျင် တိုးတက်လာပြီး ဘဏ်၏ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများကို ပိုမိုနားလည်သဘောပေါက်ကာ အများပြည်သူသို့ ဝန်ဆောင်မှုများကို ယခုထက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်အရာ ထမ်း၊ အမှုထမ်းများကို ခေတ်နှင့်လျော်ညီသော တိုးတက်လာသည့် နည်းပညာအသုံးပြု၍ ဆောင်ရွက် ရသည့် ဘဏ်၏ ဝန်ဆောင်မှုလုပ်ငန်းများကို IT နည်းပညာအသုံးပြု၍ ကျွမ်းကျင်မြန်ဆန်သွက်လက် စွာ ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပုဂ္ဂလိကဘဏ်လုပ်ငန်း များတွင် ရင်ပေါင်တန်းပြီး ယှဉ်ပြိုင်ဆောင်ရွက်နိုင် စေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်