
နေပြည်တော် ဖေဖော်ဝါရီ ၄
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် ယနေ့နံနက်ပိုင်းတွင် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက် ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ် အဖွဲ့များကို နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အားကစား လေ့ကျင့်ရေးစခန်းရှိ စားရိပ်သာ၌ တွေ့ဆုံနှုတ်ဆက်သည်။
တွေ့ဆုံပွဲသို့ ဆပ်ကော်မတီ အသီးသီးမှဥက္ကဋ္ဌများ၊ ကော်မတီ အဖွဲ့ဝင်များ၊ ကော်မတီအတွင်း ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်တွင် ပါရှိသည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်း သား ညီအစ်ကိုမောင်နှမများ အားလုံး ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုစည်းအားဖြင့် နိုင်ငံတော် ထာဝစဉ်တည်တံ့ ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုပါက တိုင်း ဒေသကြီးနှင့် ပြည်နယ်များ အားလုံး ဟန်ချက်ညီညီဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်မခွဲခြားဘဲ ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ခံစားသင့် ခံစား ထိုက်သည့်၊ ရသင့် ရထိုက်သည့် အခွင့်အရေးများကိုလည်း ဦးစား ပေး ပုံဖော်လျက်ရှိပါကြောင်း၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေး မှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ဖွံ့ဖြိုးတိုးတက်ရန်၊ တည်တံ့ ခိုင်မြဲရန်၊ ထိန်းသိမ်းကာကွယ်နိုင် ရန်နှင့် မြှင့်တင်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင် များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များ တည်းခိုနေထိုင်သည့် တည်းခိုဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီ ရုံးခန်းများကို လှည့်လည်ကြည့်ရှု သည်။
စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက် ဖျော်ဖြေကြမည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များကို တိုင်းရင်း သားများ၏ ရိုးရာယဉ်ကျေးမှု အကများ အပြန်အလှန်ဖလှယ် နိုင်ရန် ရည်ရွယ်၍ ဖိတ်ကြားခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၃၉ ဦး၊ ကချင်ပြည်နယ်မှ ၃၃ ဦး၊ ကယားပြည်နယ်မှ ၂၇ ဦး၊ ကရင် ပြည်နယ်မှ ၃၉ ဦး၊ ချင်းပြည်နယ် မှ ၃၇ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၃၅ ဦးနှင့် ရှမ်း ပြည်နယ်မှ ၃၈ ဦး စုစုပေါင်း ၂၈၂ ဦး ရောက်ရှိကြောင်း သိရသည်။
တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များသည် နေပြည်တော်၏ အထင်ကရ နေရာများဖြစ် သည့် ဥပ္ပါတသန္တိစေတီတော်၊ နေပြည်တော် ဗုဒ္ဓဂယာ၊ လွှတ်တော်အဆောက်အအုံ၊ စစ် သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ နက္ခတာရာပြခန်း၊ ကျောက်မျက် ရတနာပြတိုက်၊ နေပြည်တော် မြို့မဈေး၊ တိရစ္ဆာန်ဥယျာဉ်၊ နေပြည်တော် ရေပန်းဥယျာဉ်နှင့် Junction Center တို့ကို သွား ရောက်လေ့လာကြမည် ဖြစ် ကြောင်း သိရသည်။
သတင်း- မျိုးဆက်သစ်
ဓာတ်ပုံ- ကိုကိုအေး