နေပြည်တော် ဇွန် ၃၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် ဒေသခံပြည်သူ များ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်း က လယ်ဝေးမြို့နယ် အောင်စည် လာကျေးရွာ အမှတ်(၁၇) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က တောင်ပေါ်ဒေသများမှ ဒေသခံ ပြည်သူများနှင့် တာဝန်ထမ်း ဆောင်နေ ကြသည့် ဆရာ ဆရာမ များ၏ အခက်အခဲများကို နားလည် ကိုယ်ချင်းစာပါကြောင်း၊ နေပြည် တော် ကောင်စီအနေဖြင့် တောင်ပေါ်ဒေသ၏ အခက်အခဲ များကို တတ်စွမ်းသမျှ ဖြည့်ဆည်း ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပြီး တောင်ပေါ်ဒေသ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က တောင်ပေါ်ဒေသ ကျေးရွာများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စီမံ ဆောင်ရွက်သွားမည့် အခြေအနေ များနှင့်စပ်လျဉ်း၍ အားပေးစကား ပြောကြားသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က တောင်ပေါ်ဒေသမှ ဒေသခံ ပြည်သူများအတွက် ဆိုလာပြားနှင့်ဆက်စပ်ပစ္စည်းများ၊ ဆေးဝါး များ၊ စားသောက်ကုန်ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် တောင်ပေါ် ဒေသတွင် တာဝန်ထမ်းဆောင် နေကြသည့် တပ်ရင်း၊ တပ်ဖွဲ့ဝင် များအတွက် စားသောက်ကုန် ပစ္စည်းများကို ထောက်ပံ့ပေးအပ် ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။
ထို့နောက် ဒေသခံပြည်သူများ က ကြုံတွေ့နေရသော အခက်အခဲ များဖြစ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ ရရှိရေးနှင့် တယ်လီဖုန်းလိုင်းများ ကောင်းမွန် စေရေးတို့အတွက် တင်ပြကြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က တင်ပြ ချက်များနှင့်ပတ်သက်၍ ရေတို၊ ရေရှည် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို စိစစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးမည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တောင်ပေါ်ဒေသ မှ ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ် ခြင်းအတွက် ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တောင်ဖီလာ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် သီတင်းသုံး တော်မူသည့် ဆရာတော်များအား သွားရောက်၍ ဖူးမြော်ကြည်ညို ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မက်စ်ဘိလပ်မြေစက်ရုံသို့ သွား ရောက်၍ စက်ရုံလည်ပတ်ဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံက စက်ရုံ လည်ပတ်နေမှုကို ရှင်းလင်း တင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အောင်ချမ်းသာကျေးရွာအနီး လမ်း ပိုင်းနှင့် တောင်စဉ်အေးစစ်ဆေး ရေးဂိတ်များကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



