
နေပြည်တော် ဇူလိုင် ၂
နေပြည်တော်ကောင်စီရုံး ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ သတ်မှတ်နေရာ ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် မဟော်ဂနီပင်ကို စိုက်ပျိုးပေး သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်မှူးကြီးမင်းနောင်က မဟော်ဂနီပင်ကို လည်းကောင်း၊ ဦးဇေယျာလင်းက ခရေပင်ကို လည်းကောင်း၊ ဦးမြင့်စိုးက ပိတောက်ပင်ကို လည်းကောင်း၊ ရဲမှူးကြီး ကိုကိုလွင်က ရင်းမာပင် ကိုလည်းကောင်း၊ ဦးကျော်သိန်း ဆိုင်က ကျွန်းပင်ကိုလည်းကောင်း၊ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်က သပြေပင်ကို လည်းကောင်း အသီးသီး စိုက်ပျိုးပေးကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်၊ ပျိုးပင်များကို စိုက်ပျိုး ကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူ များက စုပေါင်းသစ်ပင်စိုက်ပျိုးနေ မှု အခြေအနေများကို လှည့်လည် ကြည့်ရှု အားပေးကြသည်။
ယနေ့ကျင်းပသည့် နေပြည်တော် ကောင်စီရုံး မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ရင်းမာ၊ မဟော်ဂနီ၊ စစ်၊ မန်ဂျန်ရှား၊ သပြေ၊ ခရေနှင့်ကံ့ကော်ပင်စသည့် ပျိုးပင် မျိုးစုံ စုစုပေါင်း ၂၁၀ ကို စိုက်ပျိုးခဲ့ ကြကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)