
နေပြည်တော် နိုဝင်ဘာ ၁၅
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံ ခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်း အနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် Virtual Platform ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယနေ့ဖွင့်လှစ်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံ ခန့်ခွဲမှု သင်တန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အတူ နေထိုင်မှုပုံစံအသစ်ဖြင့် အတူယှဉ်တွဲနေထိုင် ရမည်ဖြစ်သဖြင့် ရပ်တန့်၍မရသည့် ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်း များကို တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ အနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း ၌ အခြေခံသင်တန်းအပြင် နည်းပြသင်တန်း (၈) မျိုး ကို စုစုပေါင်း (၈၃) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်း သား စုစုပေါင်း ၃၆၀၀ ကျော်အား သင်တန်းပို့ချ နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ဗဟိုဝန်ထမ်း တက္ကသိုလ်များရှိ သင်တန်းများတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဘာသာရပ် ထည့်သွင်းပို့ချနိုင်ရေးလည်း စတင်ဆောင်ရွက်လျက်ရှိပြီဖြစ်ကြောင်း ပြောကြား သည်။ အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၅ ရက်အထိ အွန်လိုင်းမှ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ် ရေး အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် ဒုတိယဝန်ကြီးတို့သည် နေပြည် တော် ပြည်ထောင်စုနယ်မြေအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော မူလတန်းကြို ကျောင်းများသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ ရင်သွေးငယ်များ အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရန်နှင့် ဘဝတစ်သက်တာ အတွက် အခြေခံ အလေ့အကျင့်ကောင်းများ ရရှိ စေရန် သင်ကြားမှုပုံများ ပြင်ဆင်ထားရှိမှုနှင့် ရင်သွေး ငယ်များ မူလတန်းကြို ပညာရေးတက်ရောက်သင် ယူနေမှုတို့ကို လှည့်လည်ကြည့်ရှုသည်။ (အောက်ပုံ)
၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ ပိတ်ထားခဲ့ ရသည့် မူလတန်းကြိုကျောင်းများ အားလုံးကို လက်ရှိတွင် ရောဂါကူးစက်ဖြစ်ပွားမှု အတိုင်း အတာတစ်ခုအထိ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီဖြစ် သည့်အတွက် ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပေးနိုင် ခဲ့ပြီဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထား ရှိသော စံပြမူလတန်းကြိုကျောင်း တစ်ကျောင်းလျှင် ရင်သွေးငယ် ၅၀ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်