
နေပြည်တော် ဒီဇင်ဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ ပြောင်ခေါင်းကြီး မွေးမြူရေးဇုန်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှု
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စခန်း တာဝန်ခံတို့က မွေးမြူရေးဇုန်အတွင်း အသားတိုး ကြက်များမွေးမြူထားရှိမှု အခြေအနေကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက နေပြည်တော်ကောင်စီ နယ်မြေအတွင်း သားငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် မွေးမြူရေးဇုန်များ တည်ထောင်ထားခြင်းဖြစ် ကြောင်း၊ မွေးမြူရေးစနစ်တကျရှိစေရန်နှင့် ဇီဝ လုံခြုံရေးကို အထူးဂရုစိုက်ကြစေလိုကြောင်း၊ မွေးမြူ ရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို မိမိတို့ဌာန အနေဖြင့် ပံ့ပိုးကူညီအားပေးလျက်ရှိကြောင်း ပြော ကြားပြီး အသားတိုးကြက်မွေးမြူထားရှိမှုကို ကြည့်ရှု သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သကြား ထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံမျိုးသန့်ခြံ(ကမ်းပါးနီ) သို့ ရောက်ရှိရာ ခြံတာဝန်ခံက ခင်းသစ်နှင့် လမိုင်း စိုက်ခင်းများ စိုက်ပျိုးထားရှိမှု၊ PMA05/1340 ကို တစ်သျှူးနည်းဖြင့် မျိုးသန့်ပွားခြင်း၊ မျိုးကောင်း မျိုးသန့်ဖြန့်ဖြူးခြင်းများနှင့် တောင်သူပညာပေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယ ဝန်ကြီးက ကြံအထွက်နှင့် သကြားအထွက်နှုန်း မြင့်မား၍ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသော ကြံ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပညာပေးဆောင်ရွက် ပြီး တောင်သူများ ဝင်ငွေတွက်ခြေကိုက်သည့်မျိုးများ ကို အဓိကထားဖြန့်ဖြူးပေးရန် မှာကြားကာ သာမန် မျိုးပွားစိုက်ခင်း၊ သုတေသနစိုက်ခင်း၊ ကြံလမိုင်းစံပြ စိုက်ခင်းများနှင့် ကြံခုတ်သိမ်းနေမှုတို့ကို ကြည့်ရှု သည်။
ရှင်းလင်းတင်ပြ
ထို့နောက် လယ်ဝေးမြို့ပန်းညိုစမ်းကျေးရွာရှိ ချောင်းမငယ်ရေလှောင်တမံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ချောင်းမငယ်ရေလှောင်တမံ ဧရိယာအတွင်း၌ သီးနှံရောနှောစိုက်ခင်း ထူထောင် ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ တမံရှောင်ကွင်းလမ်း ဖောက်လုပ်ခြင်း၊ ရေဝပ်ဧရိယာကျေးရွာချင်းဆက်လမ်း ဖောက်လုပ် ခြင်း၊ သီးနှံသစ်တောရောနှောစိုက်ခင်းထူထောင်ပြီး ရေဝေရေလဲဒေသနှင့် ဆည်ရေသောက်ဧရိယာ အတွင်း ကော်ဖီ၊ ဝဥ၊ ငှက်ပျောနှင့် ပိန္နဲစိုက်ပျိုးထားရှိမှု၊ စံပြကွက်များ ပြုလုပ်ပညာပေးဆောင်ရွက်မှု၊ ကြက်၊ ဘဲ မွေးမြူထားရှိမှုများနှင့် စားကျက်မြက်မျိုးများ စမ်းသပ်စိုက်ပျိုးထားရှိမှု၊ တမံအတွင်း နှစ်လက်မ အရွယ် ငါးမြစ်ချင်း၊ ငါးခုံးမ၊ ရွှေဝါငါးကြင်းကောင်ရေ ၃၀၀၀၀ ထည့်ခြင်း၊ ကျေးရွာအစုအဖွဲ့ဖြင့် ငါးကောင် ရေ ၁၀၀၀၀ ထည့်သွင်း မွေးမြူထားရှိမှုနှင့် ရေပေါ် လှောင်အိမ်ဖြင့် တစ်ပိုင်တစ်နိုင်ငါးမွေးမြူမှု သရုပ်ပြ ခြင်း ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန် နည်းပညာပေး၍ စည်းရုံးဆောင်ရွက် ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးရွာ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးပြီး တောင်သူများ စိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျောမျိုးများဖြစ် သော ရွှေနီ၊ သီးမွှေးခွံဝါ၊ ဘရာဇီးနှင့် ပါရှီးငှက်ပျော စိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်