နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

 

နေပြည်တော် အောက်တိုဘာ  ၂၂


နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ပြုလုပ်သည်။

 


အဆိုပါ  ချီးမြှင့်ငွေပေးအပ်ပွဲသို့ နေပြည်တော်ကောင်စီ          ဥက္ကဋ္ဌ ဒေါက်တာ     မောင်မောင်နိုင်၊ နေပြည်တော်  တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊     လုံခြုံရေး တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုယ်စား တာဝန် ရှိသူများက လက်ခံရယူကြ ပြီး  ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း      သတင်း ရရှိသည်။


သတင်းစဉ်