နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

 

နေပြည်တော်   မတ်   ၂၉


နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား   ချီးမြှင့်ငွေနှင့်  ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌  ကျင်းပရာ  တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက် ကြသည်။

 


ဦးစွာတိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။               

 

သတင်းစဉ်