နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

နေပြည်တော်   ဇူလိုင်  ၁၀
ကိုဗစ်-၁၉  ရောဂါကူးစက် ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက်လျက်ရှိသောကြောင့်   ရောဂါကူးစက်မှု  မခံရစေရေးအတွက်       နေပြည်တော်ကောင်စီ နယ်မြေအတွင်း တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက  ယနေ့ညပိုင်းတွင်  အပြင်ထွက်တိုင်း   ပါးစပ်၊ နှာခေါင်းစည်းတပ်ရန်၊  လူစုလူဝေးများ ရှောင်ရှားရန်နှင့်  မပြုလုပ်ရန်၊  လက်ကိုဆပ်ပြာနှင့် မကြာခဏဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့်  လက်ကိုသန့်စင် ခြင်းများ ပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်း မပြုလုပ်ရန်၊   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ   ထုတ်ပြန် ထားသော  ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ   အသိပေး ပန်ကြားချက်များကို  တိကျစွာလိုက်နာရန်စသည့်အသိပေးနှိုးဆော်မှုများကို ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။                                       သတင်းစဉ်