နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

 

နေပြည်တော်   ဇူလိုင်    ၁၄


COVID-19    ရောဂါ  တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး    ရောဂါကူးစက် ပြန့်ပွားမှုမှာ   နေ့စဉ်  မြင့်တက်လျက် ရှိသောကြောင့်   ရောဂါကူးစက်မှုမခံရ စေရေးအတွက် နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊    ဧရာဝတီ တိုင်းဒေသကြီး၊   မန္တလေးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက   ဇူလိုင် ၁၃ ရက်နှင့် ယနေ့ညပိုင်းတို့တွင် အပြင် ထွက်တိုင်း Mask တပ်ရန်၊   လူစုလူဝေး များ ရှောင်ရှားရန်နှင့်   မပြုလုပ်ရန်၊ လက်ကို   ဆပ်ပြာနှင့်        မကြာခဏ ဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများ ပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက် ခြင်းမပြုလုပ်ရန်၊    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော  ညွှန်ကြားချက်များ၊  COVID-19 ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးဗဟို ကော်မတီမှ    အသိပေးပန်ကြားချက် များကို  တိကျလိုက်နာရန်    အသိပေး နှိုးဆော်မှုများကို   ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်