နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်၌ မိုးစပါးတင်းတစ်ရာထွက်ရှိရေး ဧကတစ်ရာ စံပြကွက်များ ကွင်းဆင်းစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁၀


စားသုံးမှုဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ ဖူလုံပိုလျှံရေးအတွက် စိုက်ပျိုး ထုတ်လုပ်သူ  ပြုပြင်ထုပ်ပိုးသိုလှောင်ရောင်းချသူများအားလုံး  ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အောက်တိုဘာ ၉ ရက်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုးရေးလုပ်ငန်းများ   ကွင်းဆင်း ဆောင်ရွက်စဉ် ဒုတိယဝန်ကြီး  ဒေါက်တာအောင်ကြီးက ဆွေးနွေးပြောကြားသည်။


ရှေးဦးစွာ    ဒုတိယဝန်ကြီးနှင့်  အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ  ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းကျေးရွာ မိုးစပါးတင်းတစ်ရာထွက်ရှိရေး ဧကတစ်ရာ  စံပြကွက်သို့ရောက်ရှိကြပြီး  စိုက်ကွင်း အတွင်း  စိုက်ပျိုးထားသည့်  မနောသုခစပါးမျိုးများ၏ ကောက်ကွက်၊  ပျမ်းမျှအပင်ပွှား အခြေအနေများကို လည်းကောင်း၊  မြေဆွေးသဘာဝမြေဩဇာ ပြုလုပ် သုံးစွဲနေမှုနှင့်    မနောသုခစပါးစိုက်ခင်းများအတွင်း သဘာဝမြေဩဇာ     စုပေါင်းကြဲပက်ခြင်းတို့ကို လည်းကောင်း    ကြည့်ရှုအားပေးခဲ့ကြသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြို့လှစည်ပင်သာယာရွာအနီး    International Gateways  Group of Co.,Ltd မှ   တာဝန်ယူ လည်ပတ်နေသော   မြို့လှသကြားစက်သို့  ရောက် ရှိကြပြီး  ၂၀၂၁-၂၀၂၂  ကြံရာသီ   စက်စွမ်းအား ပြည့်လည်ပတ်နိုင်ရေးနှင့် တောင်သူများနှင့် လုပ်ငန်း ရှင်များအကြား   အကျိုးတူ  ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။


အလားတူ   ပဲခူးတိုင်းဒေသကြီး  ရေတာရှည်မြို့နယ်    အင်တိုင်းကျေးရွာရှိ  Delicious  Food Limited မှ တာဝန်ယူလည်ပတ်နေသည့် တစ်ရက် ကြံတန်ချိန် ၁၅၀၀ ကျ ရေတာရှည်  သကြားစက်ရုံသို့ ရောက်ရှိကြရာ စက်ရုံတာဝန်ခံက ကြံဝယ်ယူရရှိမှု၊ ကြိတ်ဝါးမှု၊   သကြားထုတ်လုပ်မှု၊    တင်လဲရည် ထုတ်လုပ်မှုနှင့် ကြံရာသီသကြားစက်ရုံ လည်ပတ်နိုင် ရေး  ကြိုတင်ပြင်ဆင်မှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်ရုံစွမ်းအားပြည့် လည်ပတ် နိုင်ရေးအတွက်    ဆက်စပ်ဌာနများ   တာဝန်ရှိသူ များနှင့်    ပေါင်းစပ်ညှိနှိုင်း      ဆောင်ရွက်ပေးခဲ့သည်။ 


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေတာ ရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စု တောင်နံချွန် ကျေးရွာရှိ ဦးထွန်းထွန်းဝင်း၏ ဥစားကြက်မွေးမြူရေး ခြံသို့ ရောက်ရှိကြပြီး  ဥစားကြက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်များသို့   ဖြန့်ဖြူးပေးနေမှုများကို  ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ    အကြံပြုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်