နေပြည်တော်ကောင်စီ၏စီစဉ်မှုဖြင့် အခြေခံလူတန်းစားများထံ ဆန်၊ ဆီများ အခမဲ့ပေးအပ်

 

ပျဉ်းမနား  စက်တင်ဘာ  ၂၄


နေပြည်တော်ကောင်စီ၏    စီစဉ်မှုဖြင့်     ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများက  လှူဒါန်းသည့် ဆန်၊  ဆီများအား  အခြေခံ လူတန်းစားအိမ်ထောင်စုများထံ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်  ရန်အောင်(၂)ရပ်ကွက် ကျွန်းတော ဓမ္မာရုံ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တောင်သာရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး၌လည်းကောင်း   အခြေခံလူတန်းစားအိမ်ထောင်စုများထံ အသီးသီး ထောက်ပံ့ပေးအပ်သည်။

 


ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများက လှူဒါန်းသည့် ဆန်၊  ဆီများကို   အခြေခံလူတန်းစားအိမ်ထောင်စုများထံထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း နှင့်  အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများက  ရန်အောင်(၂)ရပ်ကွက်အတွင်းရှိ   အခြေခံ လူတန်းစားအိမ်ထောင်စု ၁၀၀ အတွက်  ငွေကျပ် လေးသိန်းတန်ဖိုးရှိ အခြေခံစားကုန်များဖြစ်သည့်  ဆန်နှင့်   ဆီများအားလည်းကောင်း၊ တောင်သာရပ်ကွက်အတွင်းရှိ  အခြေခံလူတန်းစားအိမ်ထောင်စု ၁၀၀ အတွက်  ငွေကျပ် လေးသိန်းတန်ဖိုးရှိ အခြေခံစားကုန်များဖြစ်သည့် ဆန်နှင့်ဆီများကိုလည်းကောင်း   ပြည်သူများ  လက်ဝယ်အရောက် အခမဲ့ပေးအပ်ကြသည်။                                  

မြို့နယ်(ပြန်/ဆက်)