
ဥတ္တရသီရိ ဩဂုတ် ၁၆
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ဩဂုတ် ၁၅ ရက် နံနက် ၉ နာရီက ဥတ္တရသီရိမြို့နယ် MSME အသင်းအဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းများ နှင့် ၂၀၂၃ - ၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် အဖွဲ့ဝင်များသည် ဥတ္တရသီရိ မြို့နယ် ရွှေနံ့သာရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးဇော်ဇော် ထွန်း၏ သဒ္ဒါကြည်ဖြူအိတ်မျိုးစုံချုပ်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုပြီး ပြည်ပထုတ်ကုန်များအစား ပြည်တွင်းထုတ်ကုန်များ အစားထိုးသုံးစွဲခြင်းအပြင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးစား၍ MSME အသင်း အဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ရွှေနံ့သာရပ်ကွက်သစ်ရှိ စာသင်ကျောင်း တည်ဆောက်မည့် မြေနေရာ အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာရှိ လုပ်ငန်းရှင် ဦးကျော်ကျော်၏ အဂ္ဂဂေဟာပန်းပုလုပ်ငန်းသို့ သွားရောက်ကြည့်ရှုပြီး MSME ထုတ်ကုန်ပစ္စည်း ဈေးရောင်းပွဲတော်များတွင် ပန်းပုပစ္စည်းများ ခင်းကျင်း ပြသရောင်းချနိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် အောင်ချမ်းသာကျေးရွာရှိ လုပ်ငန်းရှင် ဦးဟိန်းသွင်ထွန်း၏ ဝါးကမ္ဘာ အဆင့်မြင့်ဝါးတူစက်ရုံ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး ဝါးနှင့်ပတ်သက်သည့် ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာများရရှိ ရေး Bamboo ဝါးသမဝါယမအသင်းနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင် သည် ဥတ္တရသီရိမြို့နယ် မရမ်းခုံကျေးရွာ စိုက်ပျိုး စီးပွား တောင်သူအသိပညာပေးစင်တာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးယူ၍ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများ အနေဖြင့် ဝက် ၁ ယူနစ်လျှင် သိန်း ၃၅၀ ဝက် ကောင်ရေ ၁၀၀၊ အသားတိုးကြက်/ ဘဲ တစ်ယူနစ် လျှင် သိန်း ၁၅၀ ကောင်ရေ ၃၀၀၀ နှုန်းဖြင့် ထုတ်ချေး ပေးလျက်ရှိရာ သတ်မှတ်ထားသည့် စည်းကမ်းချက် များ ညီညွတ်ပါက ချေးငွေလျှောက်ထားနိုင်ကြောင်း ပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တောင်ညိုအုပ်စုမှ တောင်သူ ၆၁ ဦးအတွက် သွင်းအားစု အာမိုယူရီးယားဓာတ်မြေ ဩဇာများပေးအပ်ခဲ့သည်။
အောင်မျိုးဝင်း(ပြန်/ဆက်)