နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသကျေးရွာများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ   ၂၈
နယ်မြေဒေသ   တည်ငြိမ်အေးချမ်းရေး၊    လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင် ရွက်ရန် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ်   ပြည်ထောင်ကိုးကျေးရွာအုပ်စု  ဝေသာလီ ကျေးရွာ၌ ရောက်ရှိနေသည့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်   ဗိုလ်မှူးကြီးမင်းနောင်  ဦးစီးသည့်  ဌာန ဆိုင်ရာများ  ပါဝင်သောအဖွဲ့သည်  ယနေ့နံနက်ပိုင်း တွင် အဆိုပါကျေးရွာရှိ ရွှေဘုံသာကျောင်းတိုက်၌  ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းရှိ     ကျေးရွာ များမှ     ကျေးရွာအုပ်ချုပ်ရေးမှူးများ၊      ကျေးရွာခွဲ တာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူလူထုတို့ နှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်     နေပြည်တော်ကောင်စီဝင်က  ယခင်ခရီးစဉ်များတွင် ကျေးရွာအုပ်စုများသို့ သွား ရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာအုပ်စုအတွင်းရှိ  ကျေးရွာများအထိ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေ ရရှိရေး စသည့်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို ဆောင်ရွက်ပေးရန်အတွက် လာရောက်ခြင်းဖြစ် ကြောင်း၊   ဒေသတစ်ခု  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအချက်မှာ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဖြစ်ကြောင်း၊    ပညာရေးကဏ္ဍတွင် မြို့ပြနှင့် တောင်ပေါ်ကျေးလက်ဒေသ ကွာဟမှုမဖြစ် စေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း။ 
ယခင်လာရောက်သည့်   ခရီးစဉ်တွင်   မြသီတာ ကျေးရွာနှင့် ပြဒါးချောင်းကျေးရွာတို့မှ ပြည်သူလူထု များက တင်ပြကြသည့် လိုအပ်ချက်များအနက်တစ်ခု ဖြစ်သည့်    လျှပ်စစ်မီးရရှိရေးကို    ယခုခရီးစဉ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့ တွင် ထိုကျေးရွာများ၌ ရာနှုန်းပြည့် လျှပ်စစ်မီးရရှိပြီ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့်  ဆောင်ရွက်ပေးနိုင်ရန်အတွက် နယ်မြေ ဒေသ       တည်ငြိမ်အေးချမ်းလုံခြုံရေးသည်လည်း အရေးကြီးသည့်အတွက်   အစိုးရ၊   တပ်မတော်နှင့် ပြည်သူလူထု တစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင် ရွက်ပေးရန်လိုအပ်ကြောင်း၊ ထို့ပြင် ပြည်ထောင်ကိုး  ကျေးရွာအုပ်စုအတွင်းရှိ     တောင်ပေါ်ကျေးရွာများ သည် သာယာလှပသည့်အတွက် ပြည်တွင်းခရီးသွား များသာမက ပြည်ပခရီးသွားများပါ စိတ်ဝင်စားပြီး လာရောက်လည်ပတ်နိုင်ရေးနှင့် လူထုဗဟိုပြု ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ 
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်  အဖွဲ့ သည်    ပြည်ထောင်ကိုးကျေးရွာအုပ်စု    ဝေသာလီ ကျေးရွာမှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ  ဆရာမများ၊    ကျောင်းသား    ကျောင်းသူများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက်      ပန်းပေါင်းစုံ ဘုရား  ဆင်းတုတော်များ၊   လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊  ကျောင်းသုံး စာရေးကိရိယာများ၊ သုတ ရသစာအုပ် များ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများ၊ မျိုးစေ့ များ၊  First Aid Kid  များ၊  အသက်  (၈၅)  နှစ်နှင့် အထက် သံဃာတော်နှင့် အဘိုးအဘွားများအတွက်  ထောက်ပံ့ငွေများနှင့် ပန်းခင်းစီမံချက်(၂) ဖြင့် ဆောင် ရွက်ပေးသည့်       အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ထောက်ပံ့လှူဒါန်း ပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲ တာဝန်ခံ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက  လက်ခံရယူကြသည်။
ယင်းနောက်    ပြည်ထောင်ကိုးကျေးရွာအုပ်စု အတွင်းရှိ   ကျေးရွာများမှ    ဒေသခံတိုင်းရင်းသား ပြည်သူများက       ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ      ဌာနဆိုင်ရာ       တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးမည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး ဝေသာလီကျေးရွာ ဒေသခံတိုင်းရင်း သား   ပြည်သူလူထုကိုယ်စား   ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား   ပြောကြားကာ   နေပြည်တော် ကောင်စီဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည်  ဝေသာလီကျေးရွာ       အခြေခံပညာမူလတန်းလွန် ကျောင်းသို့ သွားရောက်ကာ ပျဉ်းမနားတောင်ပေါ်  ဒေသကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ ဆရာမ များနှင့်   ရင်းရင်းနှီးနှီးတွေ့ဆုံ၍    စာပေသင်ကြား သင်ယူနေမှု အခြေအနေများကို မေးမြန်းကာ လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသုံး စာရေးကိရိယာများ၊ သုတရသစာအုပ်များ၊ စာစောင် များ၊ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေ များကို    ပေးအပ်ရာ      ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။ 
ထို့နောက်     နေပြည်တော်ကောင်စီဝင်သည် နေပြည်တော်လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီး ဌာနတို့မှ   တာဝန်ရှိသူများက   ဝေသာလီကျေးရွာ အဝင်လမ်းနှင့် ဝေသာလီအခြေခံပညာမူလတန်းလွန် ကျောင်းအဝင်လမ်းကို ကွန်ကရစ်လမ်း တိုးချဲ့ခင်းရန် တိုင်းတာခြင်း၊   နေပြည်တော်  ကုသရေးဦးစီးဌာန  နယ်လှည့်ဆေးကုသရေးအဖွဲ့က ဝေသာလီကျေးရွာ  ကျေးလက်ကျန်းမာရေးဌာန၌ ကျေးလက်နေပြည်သူ များအား   ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ သည့် အခြေအနေများနှင့် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေးနေမှုတို့ကို ကြည့်ရှုအားပေး သည်။ (အပေါ်ဝဲပုံ)                             သတင်းစဉ်