
နေပြည်တော် စက်တင်ဘာ ၂၇
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီး၍ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့တွင် နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသကျေးရွာများသို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိကြပြီး ကျေးရွာများအတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးဆောင်သောအဖွဲ့သည် နံနက်ပိုင်းတွင် ဘန်ဘားကျေးရွာအုပ်စု လ္ဘက်တောင်ကျေးရွာနှင့် အောင်ဘိသိက် ကျေးရွာတို့ရှိ အခြေခံပညာမူလတန်း ကျောင်း(ခွဲ)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မှ ဆရာ ဆရာမများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် မိသားစု များနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ငါးပိ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ဆေးစိမ်ခြင်ထောင်၊ မုန့်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်နှင့် မိသားစုများက လက်ခံရယူကြ သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့ သည် ဘို့မအုပ်စု ဘို့မသံတောင်ကျေးရွာရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဆေးစိမ် ခြင်ထောင်၊ မုန့်များနှင့် ထောက်ပံ့ငွေများကို ပေးအပ် ရာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များက လက်ခံရယူကြသည်။ ဆက်လက်၍ နေပြည် တော် လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာန တို့မှ တာဝန်ရှိသူများက ဘို့မသံတောင် အခြေခံပညာ မူလတန်းလွန်ကျောင်းအဝင်လမ်း၊ ဘို့မသံတောင် သာသနာ့ရောင်ခြည်ကျောင်းတိုက် ကျောင်းအဝင် လမ်းတို့ကို ကွန်ကရစ်လမ်းခင်းရန် တိုင်းတာခြင်း နှင့် သံပန်းတံခါးတပ်ဆင်ရန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့ သည် နန်းလွင်စန်းကျေးရွာရှိ အခြေခံပညာမူလတန်း လွန်ကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ဆေးစိမ်ခြင်ထောင်၊ မုန့်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြ သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် ပြည်ထောင်ကိုးကျေးရွာအုပ်စု ဝေသာလီ ကျေးရွာရှိ ရွှေဘုံသာကျောင်း၌ ဝေသာလီ၊ မြသီတာ၊ ပြဒါးချောင်း၊ နန်းလွင်စန်းနှင့် လမ်းကောကျေးရွာတို့မှ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ယခင် ခရီးစဉ်လာရောက်စဉ် ကျေးရွာများ၏ လိုအပ်ချက် များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံး ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့နှင့် စပ်လျဉ်း၍ ယခုခရီးစဉ်တွင် ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီ အစဉ်များကို ရှင်းလင်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပြဒါးချောင်းကျေးရွာရှိ ပြဒါး ချောင်းရွာဦးကျောင်းသို့ ရောက်ရှိကြပြီး အဆိုပါ ကျေးရွာနေ ဒေသခံပြည်သူများ လျှောက်ထားသည့် မီတာBox များကို ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပြဒါးချောင်း အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ အတန်းအလိုက် ပညာသင်ကြားနေမှုအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များကအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး ဆရာ ဆရာမများအတွက် ဆေးစိမ်ခြင်ထောင် များကို ထောက်ပံ့ပေးအပ်၍ စာသင်ဆောင်အသစ်နှင့် သိပ္ပံဆောင်တို့တွင် လျှပ်စစ်မီးများ တပ်ဆင်အသုံးပြု နိုင်ရန် ကျောင်းဆောင်အတွင်း လျှပ်စစ်မီးရရှိရေး အတွက် ဆက်စပ်ပစ္စည်းများကို ပေးအပ်လှူဒါန်း ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် မြသီတာကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရောက်ရှိ ကြပြီး ကျောင်းဝင်းအတွင်း အသစ်တည်ဆောက် လျက်ရှိသည့် ကျောင်းဆောင်သစ်ကို လှည့်လည် ကြည့်ရှုကာ ဆရာ ဆရာမများကို ဆေးစိမ်ခြင်ထောင် များပေးအပ်၍ မြသီတာကျေးရွာမှ ဒေသခံပြည်သူ များ လျှောက်ထားသည့် မီတာ Box များကို ပေးအပ် ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်း အိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းအိမ်ရာအတွင်း လျှပ်စစ်မီးရရှိရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
သတင်းစဉ်