
နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဇေယျာသီရိမြို့နယ် မအူ တောကျေးရွာအုပ်စု စိမ်းစားပင် ကျေးရွာတွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၄ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် နေအိမ် ၁၉ လုံး မီးလောင် ဆုံးရှုံး ခဲ့ပြီး မီးကူးစက်မှုမရှိစေရေး အတွက် နေအိမ်နှစ်လုံးကို ဖျက်ဆီးခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် မီးဘေးသင့် ပြည်သူများအား စိမ်းစားပင်ကျေးရွာ အောင်မြေဘုံ ရတနာစိမ်းစားပင် ကျောင်းတိုက် သို့ ပြောင်းရွှေ့နေရာချထားခဲ့ပြီး ကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးမြင့်စိုး၊ နေပြည်တော် မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နေပြည်တော်တိုင်း ဦးစီးမှူး ဦးကျော်ကျော်ထွန်း၊ ဇေယျာသီရိ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် အလှူရှင်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က မီးဘေးသင့်ပြည်သူ များအား အားပေးစကားပြော ကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် ထောက်ပံ့ငွေများ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ် ရာတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးမြင့်စိုး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန နေပြည်တော် တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း နှင့် အလှူရှင်များက ကယ်ဆယ် ရေးပစ္စည်းများ၊ ဆန်၊ ဆီ၊ အဝတ် အထည်များ၊ အသုံးအဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ကို မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တွင် နေပြည်တော် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်း များအတွက် ထောက်ပံ့ငွေကျပ် ၂၄၉၅၃၀၀၊ ကယ်ဆယ်ရေး ပစ္စည်းများ တန်ဖိုးငွေကျပ် ၁၀၂၈၆၄၉၊ အလှူရှင်များက ငွေကျပ် ၄၀၂၉၆၅၀ နှင့် အိမ်အသုံး အဆောင်ပစ္စည်း တန်ဖိုးငွေကျပ် ၁၃၀၅၉၀၀ စုစုပေါင်း ထောက်ပံ့ငွေများနှင့် ပစ္စည်းများ တန်ဖိုး ငွေကျပ် ၈၈၅၉၄၉၉ ကို မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)