
နေပြည်တော် အောက်တိုဘာ ၃၁
နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းသည် သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေး မှူး၊ တာဝန်ခံကျောင်းအုပ်ကြီးများ နှင့် တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ တွင် ဆေးထိုးစုရပ်အဖြစ် အသုံးပြု ခဲ့သည့် ဇမ္ဗူသီရိမြို့နယ်၌ အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေး မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပျဉ်းမနား မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ပုဗ္ဗသီရိ မြို့နယ် အမှတ်(၂၀) အခြေခံ ပညာ အထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ် ခေတ်အေး အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၊ တပ်ကုန်းမြို့နယ် ရွှေမြို့ အခြေခံပညာ အထက် တန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက် တန်းကျောင်းများသို့ သွားရောက် ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ကျောင်းအသီးသီး သို့ ကျောင်းပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကျောင်းပြန် လည် ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြ သည်။ ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က မြို့နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများအလိုက် ကျောင်း တွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများကို ထောက်ပံ့ ပေးအပ်ပြီး စာသင်ခန်းများ အတွင်း စာသင်ကြားနိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေး ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
(ခရိုင်ပြန်/ဆက်)