နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့မှုနှင့်စပ်လျဉ်း၍ တုံ့ပြန်ကာကွယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၈ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့မှုနှင့်စပ်လျဉ်း၍ တုံ့ပြန်ကာကွယ်ရေး၊ ကူညီ ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှင်းလင်းတင်ပြ အစည်းအဝေးတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ က မိုးလေဝသအခြေအနေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝ ဘေးကျရောက်ခဲ့သည့် ဒေသများသို့ ကူညီထောက်ပံ့ ပေးမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခဲ့ရသည့် လယ်ယာ စိုက်ခင်းများနှင့်စပ်လျဉ်း၍ဆောင်ရွက်မည့် လုပ်ငန်း များ၊ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ နေပြည်တော်အတွင်းရှိ ဆည်၊ တမံများ ရေဝင်ရောက်မှုနှင့် ရေပေးဝေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဝိုင်းဝန်းပူးပေါင်းကူညီ ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ ကူညီထောက်ပံ့ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို စီမံချက်များ ရေးဆွဲ၍ ဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ် အောင် အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးဆောင်ရွက် နိုင်ရန် စီစဉ်ဆောင်ရွက်စေလိုကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားခဲ့မှုကြောင့် စပါးအပါအဝင် ပျက်စီးခဲ့သည့် သီးနှံများ အမြန်ဆုံးပြန်လည်စိုက်ပျိုး နိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ သတင်းစဉ်