နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   မတ်   ၄


နေပြည်တော်အတွင်း     အုပ်ချုပ် ရေး၊  ဒေသဆိုင်ရာ  ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဆိုင်ရာ     လုပ်ငန်းများ ဆောင်ရွက်ရေးအတွက်     ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ နှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို   ယနေ့နံနက်  ၁၀  နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။


ပူးပေါင်းပါဝင်ဆောင်ရွက်


ရှေးဦးစွာ        နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်နိုင်က        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်     ရှေ့လုပ် ငန်းစဉ် (၅) ရပ်တို့ကို အောင်မြင် အောင်          အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်      ဖြစ် ကြောင်း၊     နေပြည်တော်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးနှံ ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး  ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊    ဒေသဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိစ္စရပ် များကို         အထူးအလေးထား ဆောင်ရွက်သွားကြရန် လို ကြောင်း ပြောကြားသည်။


ကဏ္ဍအလိုက် ရှင်းလင်း


ထို့နောက်     နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာ လင်းနှင့် ဦးမြင့်စိုး တို့က သက်ဆိုင် ရာ  ကဏ္ဍများအလိုက် လုပ်ငန်း  ဆောင်ရွက်နေမှုများကို    လည်း ကောင်း၊     တက်ရောက်လာကြ သည့်   ခရိုင်/ မြို့နယ်  စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်  များက    သက်ဆိုင်ရာဒေသများ  အလိုက်    ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်း ကောင်း         အသီးသီးရှင်းလင်း တင်ပြကြရာ      နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များ အပေါ်      ဖြည့်စွက်မှာကြားခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်