
နေပြည်တော် မတ် ၈
နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရား တောင်ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှု ထမ်းဆောင်ရန်အတွက် ဖေဖော်ဝါရီလ အတွင်းက တပ်မတော်မှလာရောက် ခေါ်ဆောင်သွားကြောင်းနှင့် ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်ရွာ လျှင် လူငယ် ၂၀ စုဆောင်းပေးရန် တောင်းခံနေကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည် ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ပြည်သူများစိုးရိမ်ထိတ်လန့်မှု မရှိစေရန် အတွက် ဥတ္တသီရိမြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးနှင့် ဒေသခံပြည်သူ တစ်ဦးတို့ထံ ဆက်သွယ်မေးမြန်းချက်အရ မှန်ကန်မှုမရှိသည့်သတင်းအမှားများသာ ဖြစ်ပြီး ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများကို ကျေးရွာတစ်ရွာလျှင် လူငယ် ၂၀ စုဆောင်းပေးရန်နှင့် ဘုရား တောင်ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှု ထမ်းဆောင်ရန် ခေါ်ဆောင်ခြင်းမရှိ ကြောင်း သိရသည်။
အလားတူ ပဲခူးမြို့နယ် အထက် ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာကို တစ်ရွာလျှင် လူ ၅၀ စစ်မှု ထမ်းဆောင်ရန် စုဆောင်းနေကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများအား စိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော်ရေးသားလျက်ရှိပါသည်။ ထိုသို့ တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို မလို လားသည့် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ စစ်မှုထမ်းရန် ပေါ်တာ ဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီး ခြင်းစသည့် ကောလာဟလသတင်းအမှား များဖြင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်း မှုမရှိစေရန်အတွက် ဝါဒဖြန့်လှုံ့ဆော် နေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်