နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၁၅


ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား  ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲပိုင်းက  နေပြည်တော်စည်ပင် သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊    မြို့တော်ဝန် ဦးသန်းထွန်းဦး၊    နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး      ကော်မတီ ဒုတိယမြို့တော်ဝန်၊    ဌာနဆိုင်ရာ များနှင့်  နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး    ဂေါပက အဖွဲ့ဝင်များ    တက်ရောက်ကြ သည်။


အစည်းအဝေးတွင်      နေပြည် တော်    ကောင်စီဥက္ကဋ္ဌက   ဥပ္ပါတ သန္တိ        စေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ  ၃၄၈၅ ဒသမ  ၇၈     စတုရန်းပေအား ရွှေစင်ရွှေပြားကပ်လှူမည် ဖြစ် သည့်အတွက်   စုစုပေါင်း   ရွှေစင် ၃၇ ပိဿာ ၅၈ ကျပ်သား   ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ပြည်သူ များ     ပါဝင်လှူဒါန်းနိုင်ရန်နှင့် လိုအပ်သော     ရွှေစင်ရွှေပြားနှင့် အလှူတော်ငွေများရရှိရန် သတင်း စာများ၊  ရေဒီယိုနှင့် ရုပ်မြင်သံကြား တို့မှ အသိပေးနှိုးဆော်သွားရန်လို ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း      အရည်အသွေး ပြည့်မီစေရေး၊    ရေရှည်ခိုင်ခံ့စေ ရေး၊   ကြည်ညိုဖွယ်ဖြစ်စေရေးကို အလေးထား    ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခင်ကပ်လှူခဲ့သည့် အတွေ့အကြုံများကို     အခြေခံပြီး အားနည်းချက်၊  အားသာချက်များ ဖော်ထုတ်ကာ    လုပ်ငန်းများကို အောင်မြင်စွာ  အကောင်အထည် ဖော်      ဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။


ထို့နောက်     နေပြည်တော် ကောင်စီအဖွဲ့ဝင်     ဦးမြင့်စိုးက ဥပ္ပါတသန္တိ  စေတီတော်မြတ်ကြီး ၏ ပထမဖောင်းရစ်အား   ရွှေစင် ရွှေပြား   ဆက်ကပ်ပူဇော်နိုင်ရေး အတွက် ဦးစီးကော်မတီ၊  လုပ်ငန်း ကော်မတီနှင့်  ဆပ်ကော်မတီများ ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန် များ သတ်မှတ်ထားမှုကို  လည်း ကောင်း၊   နေပြည်တော်   ဥပ္ပါတ သန္တိစေတီတော်  ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည်က   ရွှေစင်ရွှေပြား ဆက်ကပ်  ပူဇော်နိုင်ရေးအတွက်  ယခင်ကပ်လှူခဲ့သည့်    အတွေ့ အကြုံများနှင့် လိုအပ်ချက်များကို လည်းကောင်း   ရှင်းလင်းတင်ပြ ကြသည်။


ယင်းနောက်     တက်ရောက် လာကြသူများက    သက်ဆိုင်ရာ ကဏ္ဍများအလိုက်    လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများ ကို         ရှင်းလင်းတင်ပြကြရာ နေပြည်တော်    ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို       ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း     သတင်း ရရှိသည်။ 


သတင်းစဉ်