နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့ရုပ်မြင်သံကြား၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

 

နေပြည်တော် အောက်တိုဘာ  ၂၁


ယာဉ်အန္တရာယ်၊  လမ်းအန္တရာယ်ကင်းရှင်းရေး  အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်  ၉  နာရီက နေပြည်တော် (တပ်ကုန်း)ရှိ  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Auditorium ခန်းမတွင် ကျင်းပသည်။


အဆိုပါ   ဟောပြောပွဲတွင် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန  ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည် တော်)မှ ဒုတိယညွှန်ကြားရေးမှူး  ဒေါ်သိင်္ဂီတိုး၊ ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာန(နေပြည် တော်)မှ ဦးစီးအရာရှိ ဦးကျော်သီဟ နှင့် ယာဉ်စစ်ဆေးရေးမှူး ဦးနိုင် ဌေးလင်းတို့က   ၂၀၂၀  ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်ဒဏ် များ၊ ၂၀၂၂  ခုနှစ်  ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်  မော်တော်ယာဉ် စီမံခန့်ခွဲမှု     နည်းဥပဒေများပါ ယာဉ်သွားလာမှုစည်းကမ်းများ၊တည်ဆဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊  လမ်းညွှန်များ၊လမ်းအမှတ်အသားများ၊ အချက် ပြများ၊   ယာဉ်တိုက်ခိုက်မှုဖြစ်ရ သည့်    အကြောင်းရင်းများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်    စည်းကမ်းများ၊ အချက်ပြမီးကို    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှန်မှန်ကန်ကန် အသုံးပြုနိုင်စေရေးအတွက် စနစ် တကျ       ဟောပြောခြင်းနှင့် ယာဉ်မောင်းသူများ လိုက်နာရမည့် အမူအကျင့်များကို     ရှင်းလင်း ပြောကြားပြီးနောက် အမေးအဖြေ များ ဆောင်ရွက်ကြသည်။


ယင်းနောက်   မြန်မာ့အသံ နှင့်    ရုပ်မြင်သံကြားရုံးရှေ့တွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ဝင် စုစုပေါင်း ၁၅၀ အား မော်တော် ဆိုင်ကယ်စီးနင်းမှု   ကျွမ်းကျင်မှု စစ်ဆေးခြင်းများ   ဆောင်ရွက်ပြီး မော်တော်ယာဉ်မောင်း  လိုင်စင် (က) လိုင်စင်များ ဆောင်ရွက်ပေး သည်။


ထိုကဲ့သို့    ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိ ပညာပေးဟောပြောပွဲ ပြုလုပ်ပေး ခြင်းဖြင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ     ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများတွင်  ယာဉ် စည်းကမ်းနှင့်လမ်းစည်းကမ်းများကို ရှင်းလင်းစွာ သိရှိနားလည်ပြီး အများပြည်သူဆိုင်ရာ လမ်းမပေါ် တွင်   ယာဉ်များ    စနစ်တကျ မောင်းနှင်နိုင်မည့် အကျိုးကျေးဇူး များ ရရှိကြမည်ဖြစ်ကြောင်း သိရ သည်။         

သတင်းစဉ်