
နေပြည်တော် အောက်တိုဘာ ၂၆
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော် သပြေကုန်းဈေးရှိ ဈေးသူ ဈေးသားများကို ကျန်းမာရေးဝန်ကြီးဌာန နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနေမှုကို သွားရောက်ကြည့်ရှုအားပေး သည်။
မှာကြား
ထိုသို့ ကြည့်ရှုရာတွင် ဒုတိယမြို့တော်ဝန်က အများပြည်သူ ရောင်းဝယ်ဖောက်ကား သွားလာကြ သည့် ဈေးများမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသည့် ဈေးသူ ဈေးသား များအနေဖြင့် ကာကွယ်ဆေး မပျက်မကွက် ထိုးနှံကြရန်နှင့် ဈေးများဌာန တာဝန်ရှိသူများ အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဈေးသူ ဈေးသားများ၏ စာရင်း ပြုစု၍ အမြန်ဆုံးထိုးနှံနိုင်ရေး သက်ဆိုင်ရာသို့ အချိန်မီတင်ပြဆောင်ရွက်ကြရန် မှာကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ရှိ ဈေးပေါင်း ၃၄ ဈေးမှ ဈေးသူ ဈေးသား ၄၄၂၉ ဦးကို အောက်တိုဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေး စမ်းသပ်ပေးသွားမည်ဖြစ်ကြောင်း နှင့် ရောဂါပိုးတွေ့ရှိသူများကို သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးစင်တာများသို့ ပို့ဆောင် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်