နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၀


သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်  သစ်တောထွက်ပစ္စည်း များ    ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို    ပြည်သူပူးပေါင်းပါဝင်မှုဖြင့်  လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Moni-toring and Reporting System-CMRS)    အပါအဝင်    နည်းလမ်းမျိုးစုံ ဖြင့်  အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိရာ  ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနများမှ   ပေးပို့လာသော   စာရင်းများအရ   တရားမဝင်  ကျွန်း ၉၉ ဒသမ ၂၅၈၀ တန်၊ သစ်မာ ၇၁ ဒသမ ၅၈၈၄ တန်၊ အခြား ၂၄ ဒသမ ၀၄၈၉  တန်     စုစုပေါင်း  ၁၉၄ ဒသမ ၈၉၅၃  တန်၊     ယာဉ်/ ယန္တရား ၂၃ စီး၊  တရားခံ ၁၈ ဦး  ဖမ်းဆီးရမိခဲ့ကြောင်း  သစ်တောဦးစီးဌာနမှ သိရသည်။ 


သတင်းစဉ်