
နေပြည်တော် မေ ၁၃
နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမိတက်၏ (၁၀) နှစ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် နေပြည် တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ နာယက နေပြည် တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမိတက်၏ ဘဏ်လုပ်ငန်းများကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ညွှန်ကြားချက် များအတိုင်း စဉ်ဆက်မပြတ် စနစ် တကျထိရောက်စွာ လည်ပတ် ဆောင်ရွက်ကြရန်နှင့် Digital Banking စနစ်သို့ ကူးပြောင်း နိုင်ရေးကိုလည်း အစဉ်ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြား သည်။
ထို့နောက် နေပြည်တော်ဖွံ့ဖြိုး ရေးဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ် လုပ်ငန်း ဆောင်ရွက်မှုများကို လည်းကောင်း၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် အမှု ဆောင်အရာရှိချုပ်က နှစ်ပတ် လည် အစီရင်ခံစာကို လည်း ကောင်း ဖတ်ကြားရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နေပြည် တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည် စာရင်းကို အတည်ပြုကြေညာ ပြီး (Win Thin & Associates Certified Public Accountants) မှ Managing Partner ဦးမိုးကျော် က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ၏ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားပြီး ဒုတိယအမှုဆောင် အရာရှိချုပ် ဦးစိုးထွန်းက နေပြည် တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ၏ ရှေ့လုပ်ငန်းစဉ်များကို တင်ပြ အတည်ပြုခြင်းများ ဆောင်ရွက် သည်။
ထို့နောက် နေပြည်တော်ဖွံ့ဖြိုး ရေးဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလ အတွင်း ပျက်ကွက်ရက်လုံးဝမရှိ ရုံးတက်မှန်သော ဝန်ထမ်း ၃၅ ဦး ကို ဂုဏ်ပြုဆုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သည်။
ယင်းနောက် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမိတက် ဒါရိုက်တာအဖွဲ့ နာယက နေပြည် တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် က နိဂုံးချုပ်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်