နေပြည်တော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်  သင်္ကြန်ယိမ်းအဖွဲ့များ ရိုက်ကူးရေးဆောင်ရွက်

 

နေပြည်တော်   မတ်   ၃၁


မြန်မာသက္ကရာဇ်  ၁၃၈၄ ခုနှစ်   မြန်မာ့ရိုးရာ   မဟာ သင်္ကြန်ပွဲတော်ကို    နိုင်ငံတစ်ဝန်းတွင်   စည်ကား သိုက်မြိုက်စွာ    ကျင်းပနိုင်ရန်   စီစဉ်ဆောင်ရွက် လျက်ရှိရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့် လည်း “ခါသင်္ကြန်အဆိုအက” အစီအစဉ်ကို ယခင်နှစ် များနည်းတူ  တင်ဆက်နိုင်ရေး  ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့်ကျောင်းများ၊     ပုဂ္ဂလိကအသင်း အဖွဲ့များမှ  သင်္ကြန်ယိမ်းအဖွဲ့များဖြင့်  ရိုက်ကူးရေး ဆောင်ရွက်လျက်ရှိသည်။

 


ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်  တပ်ကုန်းရှိ မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားတွင်   အလုပ်သမား ဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များသည် သင်္ကြန် တေးသီချင်းများဖြစ်သည့် “ပိတောက်လက်ဆောင် နှင့် သင်္ကြန်မိုး” တေးသီချင်းများဖြင့်လည်းကောင်း၊ အဂတိလိုက်စားမှု    တိုက်ဖျက်ရေးကော်မရှင်ရုံးမှ သင်္ကြန်ယိမ်းအဖွဲ့များသည်  “နွေမ” တေးသီချင်းဖြင့် လည်းကောင်း ရိုက်ကူးရေးဆောင်ရွက်ကြသည်။

 


ထို့နောက်  အလုပ်သမားဝန်ကြီးဌာနနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူ များနှင့် ယိမ်းအဖွဲ့များသည် မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား၏   စိန်ရတုပြတိုက်အတွင်း   ခင်းကျင်းပြသ ထားသည့်  ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းများတွင်  အသုံးပြုခဲ့သည့် အသုံးအဆောင်နှင့် စက်ပစ္စည်းများ၊       ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းစဉ် ခင်းကျင်းပြသထားမှုများ၊ မြန်မာ့ရိုးရာနှင့် ခေတ်ပေါ် တူရိယာများ ခင်းကျင်းပြသထားမှုတို့ကို   ကြည့်ရှု လေ့လာကြသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းတွင်   မဟာသင်္ကြန်ပွဲတော် ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်နှင့် ပျော်ရွှင် ချမ်းမြေ့စွာ   ရေကစားနိုင်ရန်အတွက်  သင်္ကြန်မဏ္ဍပ် များ တည်ဆောက်လျက်ရှိကြရာ နေပြည်တော်တွင် မြို့တော်ဝန်မဏ္ဍပ်အပြင်   လမ်းလျှောက်သင်္ကြန်ကို လည်း စီမံဆောင်ရွက်လျက်ရှိသည်။

 


မြန်မာတို့၏ ရိုးရာသင်္ကြန်ကို ပေါ်လွင်အောင် ဆင်နွှဲ ရင်း  ရိုးရာယဉ်ကျေးမှုကို  ထိန်းသိမ်းကာ စည်းကမ်း တကျ ပျော်ပျော်ရွှင်ရွှင် ဖြစ်စေရန်နှင့်  အဆင့်မီသော သင်္ကြန်တစ်ခုဖြစ်စေရန်    ရည်ရွယ်ချက်ဖြင့်   စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတွင် အဆိုပါ လမ်းလျှောက် သင်္ကြန်ကို တိုင်းရင်းသားသင်္ကြန်၊  လူငယ် Game သင်္ကြန်၊ သနပ်ခါးသင်္ကြန်  စသည်ဖြင့် ကလေး၊ လူငယ်၊ လူကြီးများအားလုံး ပျော်ရွှင်စေမည့်  ကဏ္ဍများစွာ ထည့်သွင်းထားသည့်အပြင်  ဝန်ကြီးဌာနမဏ္ဍပ်များ နှင့် ရေကစားမဏ္ဍပ်များ ပူးပေါင်းပါဝင်မှုဖြင့် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 
သတင်းစဉ်