နေပြည်တော် မီးသတ်ဦးစီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုး

 

နေပြည်တော်   ဇွန်   ၂၂


နေပြည်တော်  မီးသတ်ဦးစီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကို နေပြည်တော် မီးသတ်ဦးစီး ဌာနပိုင် မြေနေရာ၌ ကျင်းပသည်။

 


မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် မီးသတ်ဦးစီးဌာန  ညွှန်ကြားရေး မှူးချုပ် ဦးမြတ်သူက     ကျွန်းပင် စိုက်ပျိုးပေးပြီး တက်ရောက်လာ ကြသူများက  အရိပ်ရပင်များကို  စိုက်ပျိုးကြပြီး    သစ်ပင်စိုက်ပျိုးနေ သည့်  ဝန်ထမ်းများအား   ကြည့်ရှု အားပေးသည်။   အဆိုပါ    မိုးရာသီ   သစ်ပင်စိုက်ပျိုးပွဲတွင်    ကျွန်း၊ မဟော်ဂနီ၊   ခရေ၊   ပိတောက်၊ ယေနေ၊  ကုက္ကို၊  ယင်းမာနှင့် ယူကလစ်ပင်  စုစုပေါင်း   အပင် ၅၀၀ စိုက်ပျိုးပေးကြောင်း  သိရသည်။

             
ခင်ဇော်(မင်္ဂလာ)