
နေပြည်တော် အောက်တိုဘာ ၂၂
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှု ရာခိုင်နှုန်းပြည့် နီးပါး ပြီးစီးပြီဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ရွှေကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက “ကျွန်တော် တို့ ရွှေကြာပင်ထဲမှာရှိတဲ့ လူဦး ရေနဲ့တွက်ရင်တော့ ရာခိုင်နှုန်း ပြည့်နီးပါးထိုးပေးပြီးပြီ။ ဒါပေ မယ့် ရပ်ဝေးကလာတဲ့ ဧည့်သည် တွေ၊ အလုပ်လာလုပ်ကြတဲ့သူ တွေကိုပါ ထိုးပေးတာဆိုတော့ လက်ကျန် နည်းနည်းပဲရှိတော့ တယ်။ တချို့ဆိုရင် ကားဝပ်ရှော့ တန်းမှာ အလုပ်လာလုပ်ကြတဲ့ သူတွေ၊ စျေးဆိုင်တွေ၊ ဘဏ်တွေ မှာ ရပ်ဝေးဒေသကနေ အလုပ် လာလုပ်ကြတဲ့ သူတွေကိုလည်း ကိုဗစ် ကာကွယ်ဆေးထိုးပေးနေ တာဆိုတော့ ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရရင် ထိုးချင်လို့ဆိုတာမျိုး တွေရှိတော့ ကျွန်တော်တို့ လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ဆက်သွယ်ပြီး အကုန်ထိုးပေးနိုင် အောင် ကြိုးပမ်းပေးနေပါတယ်” ဟု ပြောသည်။
ထို့ပြင် ၎င်းက “တချို့တွေ ကတော့ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီး အခု ဒုတိယအကြိမ်ကို အဲ့ဒီဒေသ ကို ပြန်သွားပြီး မထိုးနိုင်ကြတဲ့သူ တွေရှိတယ်။ သူတို့တွေကလည်း ရပ်ကွက်ရုံးကိုလာပြီး ပြောကြ တယ်။ ဒုတိယအကြိမ် ထိုးပေးလို့ ရလားပေါ့။ အဲ့လိုလူတွေကိုလည်း ကျွန်တော်တို့က မြို့နယ်အုပ်ချုပ် ရေးမှူးရုံးနဲ့ ဆက်သွယ်ပြီးတော့ ကာကွယ်ဆေးထိုးနိုင်အောင် ကူညီ ဆောင်ရွက်ပေးနေပါတယ်” ဟု လည်း ထပ်မံပြောသည်။
ရွှေကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တိုဘာ ၂၂ ရက်အထိ ကိုဗစ်-၁၉ ကာကွယ် ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးသူ စုစု ပေါင်း ၃၅၀၀ ခန့်ရှိပြီး ပထမ အကြိမ် ထိုးနှံပြီးစီးသူ စုစုပေါင်း ၆၀၀၀ ကျော်ရှိကြောင်း သိရ သည်။
နေပြည်တော် ပြည်ထောင်စု နယ်မြေ ဇမ္ဗူသီရိမြို့နယ် ရွှေကြာ ပင်ရပ်ကွက်အတွင်း အိမ်ထောင်စု ပေါင်း ၃၀၀၀ ခန့်ရှိပြီး လူဦးရေ ၁၁၀၀၀ ကျော်ရှိကာ ရပ်ကွက် မူရင်း နေထိုင်သူများအပြင် မော်တော်ယာဉ်ပြင် အလုပ်ရုံတန်း၊ ဂေါက်ကွင်းနှင့်ဘဏ်များ ရှိသဖြင့် ရပ်ဝေးမှ အလုပ်လာရောက် လုပ်ကိုင်သူများလည်း အများ အပြားရှိကြောင်း သိရသည်။
သတင်းစဉ်