
နေပြည်တော် ဇွန် ၂၆
နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမိတက်ဥက္ကဋ္ဌ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် သည် ယမန်နေ့က နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမိတက် တပ်ကုန်းဘဏ်ခွဲကို သွားရောက် စစ်ဆေးသည်။
အလားတူ ဒုတိယမြို့တော်ဝန် သည် ဇွန် ၂၃ ရက်က နေပြည်တော် ကောင်စီ နယ်နိမိတ်အတွင်းရှိ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိ တက် ဘဏ်ခွဲများကို လှည့်လည် စစ်ဆေးပြီး ဘဏ်လုပ်ငန်းများ မြန်ဆန်သွက်လက်ရေး၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ် ထားသည့် ညွှန်ကြားချက်များနှင့် အညီ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲ ကိစ္စရပ်များ ချောမွေ့စွာဆောင်ရွက် နိုင်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ Customer များကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေး၊ စည်းကမ်းလိုက်နာဆောင်ရွက်စေ ရေး၊ ဘဏ်များ လုံခြုံရေးကိစ္စများ ကို မှာကြားသည်။
ယင်းနောက် ဥတ္တရသီရိ ဘဏ်ခွဲ၊ ပျဉ်းမနားဘဏ်ခွဲ၊ သပြေကုန်းဘဏ်ခွဲ၊ လယ်ဝေး ဘဏ်ခွဲ၊ မြို့မဈေးဘဏ်ခွဲငယ်၊ အာဟာရသုခဈေးဘဏ်ခွဲငယ်နှင့် SME & Apartment Loan Servic- es Centre တို့ကို သွားရောက် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဘဏ်ခွဲ တာဝန်ခံများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကြောင်း သိရသည်။
သတင်းစဉ်