နေပြည်တော် အာဟာရသုခဈေးရှိ Steel Structure ဈေးရုံနှစ်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဩဂုတ်  ၁၆


နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ   ဒုတိယမြို့တော်ဝန်   ဦးမောင်မောင်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ် အာဟာရသုခဈေးရှိ ညောင်ပင်ကွင်းပျံကျဈေးနေရာ တွင် Steel Structure(၂၃၂'x ၁၆၀')နှင့် (၁၆၀'x ၈၆'x၇၀') ဈေးရုံ နှစ်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ထိုသို့စစ်ဆေးစဉ် တည်ဆောက်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြရာ   ဒုတိယမြို့တော်ဝန်က အသစ်တည်ဆောက် လျက်ရှိသည့် ဈေးရုံအဆောက်အဦ  နှစ်လုံးသည် မကြာမီပြီးစီးတော့မည်ဖြစ်၍ ဈေးလုံခြုံရေးအတွက် ခြံစည်းရိုး  ပြုပြင်မွမ်းမံရန်နှင့်  ဈေးရုံရှေ့မျက်နှာစာ ကို    ကွန်ကရစ်ပလက်ဖောင်းခင်းနိုင်ရေး   စီစဉ် ဆောင်ရွက်ရန်၊ ဈေးရုံပတ်လည်ရှိ ရေမြောင်းများကို ရေစီးရေလာကောင်းမွန်စေရေးအတွက် စနစ်တကျ တည်ဆောက်ရန်နှင့်  ရေမြောင်းဖုံးများ  တပ်ဆင် ဆောင်ရွက်ရန်၊‌ ဈေးရုံအဆောက်အဦမှာ အမိုးဧရိယာ ကြီးမားသဖြင့် အမိုးဒိုင်းမြားကို တောင့်တင်းခိုင်ခံ့မှု ရှိစေရေး ဆောင်ရွက်ရန်နှင့်  မိုးရေများစနစ်တကျ စီးဆင်းနိုင်စေရေး‌ ရေတံလျှောက်ကို ခိုင်ခံ့ကောင်းမွန် စွာတပ်ဆင်ရန် မှာကြားသည်။

 


အာဟာရသုခဈေးတွင် ယခုတည်ဆောက်နေ သော   ညောင်ပင်ကွင်းပျံကျဈေးနေရာ၌  Steel Structure   ဈေးရုံ   နှစ်ရုံသည်   ၂၀၂၂ ခုနှစ် အောက်တိုဘာလခန့်အတွင်း  ဆောက်လုပ်ပြီးစီး မည်ဖြစ်ပြီး အဆောက်အဦဆောက်လုပ်ပြီးစီးပါက ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ အမိုးအကာ လုံခြုံစွာဖြင့်   အဆင်ပြေချောမွေ့စွာ   ရောင်းဝယ် ဖောက်ကားနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်