နေပြည်တော် အာဟာရသုခဈေးရှိ ညောင်ပင်ကွင်းပျံကျဈေး ဆောက်လုပ်နေ အမိုးအကာလုံခြုံချောမွေ့စွာဖြင့် ရောင်းဝယ် ဖောက်ကားနိုင်မည်

 

နေပြည်တော်   ဇွန်  ၁၇


နေပြည်တော်စည်ပင်သာယာရေး ကော်မတီ    ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ မွန်းလွဲ ပိုင်းက နေပြည်တော် ပျဉ်းမနား မြို့နယ်    အာဟာရသုခဈေးရှိ ညောင်ပင်ကွင်း ပျံကျဈေးနေရာ တွင် Steel Structure (၂၃၂'x ၁၆၀')  နှင့်  (၁၆၀'x ၈၆',၇၀') အဆောက်အအုံနှစ်လုံး ဆောက် လုပ်သည့်နေရာကို   သွားရောက် ကြည့်ရှုသည်။

 


ထိုသို့ကြည့်ရှုစဉ် တာဝန်ယူ ဆောက်လုပ်သည့်     ကုမ္ပဏီမှ တာဝန်ရှိသူများက တည်ဆောက် ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ      ဒုတိယ မြို့တော်ဝန်က     အသစ်တည် ဆောက်သည့်        ပျံကျဈေးရုံ အဆောက်အအုံနှစ်လုံးတွင်   ဈေး ရောင်း/ ဈေးဝယ်များ မိုးရာသီတွင် အဆင်ပြေချောမွေ့စွာ   ကူးသန်း သွားလာနိုင်စေရေး      အမိုးပါ လျှောက်လမ်းငယ်   ထည့်သွင်း ဆောက်လုပ်ပေးရန်၊   ဈေးရုံပတ် လည်ရှိ ရေမြောင်းများ သန့်ရှင်း သပ်ရပ်မှုရှိစေရေးနှင့်           ရေစီး ရေလာကောင်းမွန်စေရေး   စတင် တည်ဆောက်စဉ်ကပင် စနစ်တကျ    ဆောင်ရွက်ရန် မှာကြားသည်။

 


အာဟာရသုခဈေးသည် ရှမ်း ပြည်နယ်နှင့်      အခြားပြည်နယ်၊ တိုင်းဒေသများမှ  ဟင်းသီးဟင်း ရွက်များ အဓိကပို့ဆောင်ရောင်းချ သော    ဈေးကြီးဖြစ်ပြီး   ယခု တည်ဆောက်နေသော ညောင်ပင် ကွင်း   ပျံကျဈေးနေရာ၌  Steel Structure အဆောက်အအုံနှစ်လုံး ဆောက်လုပ်ပြီးစီးပါက ဈေးရောင်း ချသူများနှင့်    ဈေးဝယ်သူများ အမိုးအကာ         လုံခြုံစွာဖြင့် အဆင်ပြေ ချောမွေ့စွာ  ရောင်းဝယ် ဖောက်ကားနိုင်မည်    ဖြစ်ကြောင်း                  သိရ သည်။


သတင်းစဉ်