နောင်တရားမြို့၌ တိုးပွားလာသည့်အိမ်များအတွက် ၄၀၀ ဗို့ဓာတ်အားလိုင်း တိုးချဲ့တပ်ဆင်

နောင်တရား  ဇူလိုင်   ၈
ရှမ်းပြည်နယ်တောင်ပိုင်း   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင် တရားမြို့ အမှတ်(၁)ရပ်ကွက်မှ တိုးပွားလာ သည့် လူနေအိမ်များအတွက် နောင်တရားမြို့ လျှပ်စစ်ဓာတ်အား   ဖြန့်ဖြူးရေးလုပ်ငန်းမှ ၄ဝဝဗို့ ဓာတ်အားလိုင်းသစ်ကို တိုးချဲ့တပ်ဆင် ပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးရာတွင် ဗို့အားပြည့်ဝစွာ ရရှိအသုံးပြုနိုင်ရေး၊ ပေရှည် ဆားဗစ်ဝါယာကြိုးများ ပပျောက်ရေး၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးနှင့် ပျောက်ဆုံးယူနစ် လျော့နည်းစေရေးအတွက် အရှည် ၁ ဒသမ ၅ မိုင်ရှိသည့် ၄၀၀ ဗို့ ဓာတ်အားလိုင်းကို  လျှပ်စစ်ကာဗာကြိုးဖြင့် တိုးချဲ့တပ်ဆင်ပေး နေခြင်းဖြစ်ကာ  လုပ်ငန်းကို  ၂ဝ၂ဝ-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံ ငွေဖြင့်  မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခွန် အောင်ကြီးက ကြီးကြပ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)