နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး နိုင်ငံသားအသိအမှတ်ပြုကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးရန်မှာ မဖြစ်မနေလိုအပ်

 

နေပြည်တော် ဒီဇင်ဘာ ၁၆


လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာန    လက်ရှိလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အဆင့်ဆင့်ကြိုးပမ်း


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက  မိမိတို့ဝန်ကြီး ဌာနမှ    အကောင်အထည်ဖော် ဆောင်ရွက်နေသည့်     လုပ်ငန်း တာဝန်ကြီး(၃)ရပ်သည်   နိုင်ငံ တော်၏  အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားအတွက် အရေးကြီးသည့်     လုပ်ငန်းများ ဖြစ်သကဲ့သို့   ပြည်သူကိုထိရောက် သည့်  ဝန်ဆောင်မှုများပေးရသည့် လုပ်ငန်းများ         ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများသည်    အစဉ် အဆက်    ဆောင်ရွက်နေသည့်လုပ်ငန်းများဖြစ်သော်လည်း  ပိုမို တိုးတက်ကောင်းမွန်ရေး၊ ပြည်သူ ကို       ထိရောက်မြန်ဆန်သည့် ဝန်ဆောင်မှုများ        ပေးနိုင်ရေး၊ ခေတ်နှင့်အညီ    နည်းပညာများ ဖြင့်   တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက်     အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်နေကြရသည့် လုပ်ငန်း များဖြစ်ပါကြောင်း၊   ယင်းလုပ်ငန်း များကို      မြေပြင်၌လက်တွေ့ ဆောင်ရွက်နေသည့် တိုင်းဒေသ ကြီး/  ပြည်နယ်  ဦးစီးမှူးများ ကိုယ်တိုင်   သိရှိနားလည်သဘော ပေါက်ထားကြရန်    အရေးကြီး ပါကြောင်း။

 


ပြီးခဲ့သည့်    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ    အထွေထွေ ရွေးကောက်ပွဲတွင်  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်    မဲမသမာမှု ဖြစ်ပွားသည့်   မဲဆန္ဒရှင်  အရေ အတွက်မှာ   (၁၁ ဒသမ ၃) သန်း ကျော်ရှိကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ထုတ်ပြန်ထား ပြီးဖြစ်ပါကြောင်း၊      ထို့ကြောင့် နောင်ကျင်းပမည့်  ရွေးကောက်ပွဲ တွင် နိုင်ငံသားအားလုံး နိုင်ငံသား အသိအမှတ်ပြု   ကိုင်ဆောင်သင့် သည့်         ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးရန်မှာ မဖြစ်မနေ လိုအပ်ချက်ပင်  ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့     မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့် သည့်      ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန် မိမိတို့ ဌာန၏     တာဝန်ပင်ဖြစ်သည့် အတွက်   မိမိတို့ဌာနက     ပန်းခင်း စီမံချက်   ရေးဆွဲဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း၊ ယင်းစီမံချက် သည် နိုင်ငံတော်အတွက် မဖြစ် မနေဆောင်ရွက်ရမည့်  လုပ်ငန်း ဖြစ်ပြီး   တစ်နိုင်ငံလုံး   အတိုင်း အတာဖြင့် လုပ်ငန်းပမာဏအရေ အတွက် ကန့်သတ်ချက်၊     ပြီးစီး အောင် ဆောင်ရွက်ရမည့် အချိန် ကန့်သတ်ချက်များ      ရှိနေပါ ကြောင်း၊  ၂၀၂၁ ခုနှစ် မေ  ၃ ရက်မှ စတင်၍  ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အပြီး (၁၈) လကြာ  ပြီးစီး အောင်     ဆောင်ရွက်နိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနတစ်ခု တည်း    ဆောင်ရွက်၍   မရနိုင် သကဲ့သို့  ဆက်စပ်ဌာနများအပြင် ပြည်သူများ  ပူးပေါင်းပါဝင်မှသာ      ပြီးစီးအောင်မြင်မည့်      စီမံချက် တစ်ခုဖြစ်ခြင်းကြောင့် နိုင်ငံတော် ဝန်ကြီးချုပ်    ကိုယ်တိုင်အစည်း အဝေးများတွင်      မကြာခဏ  ထည့်သွင်း    မှာကြားနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

 


ဆက်လက်ဆောင်ရွက်


ဝန်ကြီးဌာနအနေဖြင့်   မူလ ဆောင်ရွက်နေသည့်လုပ်ငန်းများ ကို   အရှိန်အဟုန်မပျက်    ဆောင် ရွက်နေသကဲ့သို့ လက်ရှိ  နိုင်ငံတော် အစိုးရ      တာဝန်ယူစဉ်ကာလ အတွင်း ပန်းခင်းစီမံချက်လုပ်ငန်း၊ ၂၀၂၄ ခုနှစ်အတွက်   သန်းခေါင် စာရင်းကောက်ယူခြင်း   လုပ်ငန်း၊ နယ်စပ်   ဝင်/  ထွက်    ဂိတ်များ စီမံခန့်ခွဲမှုစနစ်အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ e -ID စနစ် အကောင် အထည်ဖော်ခြင်း  လုပ်ငန်းတို့ကို ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊           မိမိတို့ဌာန လုပ်ငန်းများသည်          နိုင်ငံနှင့် ပြည်သူအတွက်           မဖြစ်မနေ ဆောင်ရွက်ရသည့်    လုပ်ငန်းများ ဖြစ်သကဲ့သို့ ပြည်သူကို တိုက်ရိုက် ထိတွေ့    ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ     ဖြစ်ခြင်းကြောင့် ဝန်ထမ်းအားလုံး  လူမှုဆက်ဆံရေး ကောင်းမွန်ပြီး    ဥပဒေ၊ လုပ်ထုံး လုပ်နည်း နားလည်တတ်ကျွမ်းကြ ရန်  အရေးကြီးပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက် ချက်များနှင့်   ရှေ့ဆက်လက်     လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဝန်ထမ်းအားလုံးအား     ပြန်လည် ရှင်းလင်းချပြကြရန်       ဖြစ်ပါ ကြောင်း၊   သို့မှသာ   မိမိတို့ကျရာ တာဝန်ကို      အားသွန်ခွန်စိုက် ကျေကျေပွန်ပွန်   ထမ်းဆောင်နိုင် ကြမည်ဖြစ်ပြီး  တစ်ဦးနှင့်တစ်ဦး ကောင်းမွန်သည့်     အတွေ့အကြုံ များကို      ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေးကြကာ     အသိအမြင် ဖလှယ်၍   လုပ်ငန်းတာဝန်များကို အကောင်းဆုံး      အောင်မြင်စွာ ဆောင်ရွက်ကြရန်         လိုအပ်ပါ ကြောင်း       ရှင်းလင်းပြောကြားသည်။ 

 


ရှင်းလင်းဆွေးနွေး


ထို့နောက်        ဦးစီးဌာန အလိုက် ညွှန်ကြားရေးမှူးချုပ်များ က  လက်ရှိ    လုပ်ငန်းဆောင်ရွက်မှု များနှင့်   လုပ်ငန်းကဏ္ဍအလိုက် ဆက်လက်  ဆောင်ရွက်သွားမည့် လုပ်ငန်း        အခြေအနေများ၊ တိုင်းဒေသကြီး/   ပြည်နယ်အလိုက် ကြိုတင်ဆောင်ရွက်ထားကြရမည့် လုပ်ငန်းစဉ်များကို  လည်းကောင်း၊ ဒုတိယဝန်ကြီး     ဦးဌေးလှိုင်က လုပ်ငန်းဆိုင်ရာ   အားနည်းချက်၊ အားသာချက်များ၊ နယ်မြေဒေသ အလိုက် တွန်းအားပေးလုပ်ဆောင် ရမည့်   အခြေအနေ၊       ရုံးချုပ် မှ      ဖြည့်ဆည်းပေးနိုင်မှုကို       လည်းကောင်း     ရှင်းလင်းဆွေးနွေး တင်ပြကြပြီး    တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက   လုပ်ငန်း ဆိုင်ရာ         ဆောင်ရွက်ချက်များ၊      လုပ်ငန်း      လိုအပ်ချက်များနှင့်    ဆက်လက် ဆောင်ရွက်သွားမည့်    အစီအစဉ်များကို  ရှင်းလင်းတင်ပြ ကြသည်။

 


ယင်းနောက်          ရှင်းလင်း ဆွေးနွေး   တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များ   ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။                      

သတင်းစဉ်