နောက်ထပ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အမေရိကန်အက်ဖ်ဒီအေခွင့်ပြုချက်ပေးမည်ဟုဆို

 

 

ဝါရှင်တန် သြဂုတ် ၂၄ 


နောက်ထပ် ကိုဗစ်-၁၉ ကာကွယ် ဆေးများကို     အမေရိကန် ပြည်ထောင်စုက လာမည့်သီတင်း ပတ်များအတွင်း      အပြည့်အဝ အတည်ပြု    ပေးမည်ဖြစ်ကြောင်း၊ အသက် ၁၂ နှစ်အောက် ကလေး များအတွက်      ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆောင်းဦးရာသီ ထက်နောက်မကျဘဲ ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံ၏ ထိပ်တန်း ကူးစက်ရောဂါ ဆိုင်ရာ    အရာရှိတစ်ဦးဖြစ်သူ ဒေါက်တာ   အန်တိုနီဖော်စီက သြဂုတ် ၂၄ ရက်က  ပြောကြား လိုက်သည်။
ဖိုက်ဇာ  -  ဘီရွန်တက်ခ် ကိုဗစ်-၁၉  ကာကွယ်ဆေးကို အက်ဖ်ဒီအေက      ကျယ်ကျယ် ပြန့်ပြန့်  ထောက်ခံချက်ပေးပြီး   နောက် တစ်နေ့တွင်   ဖော်စီက  ယခုလို   ပြောကြားလိုက်ခြင်း ဖြစ်သည်။ 
အမေရိကန်သမ္မတ ဂျိုးဘိုင် ဒင်၏ ထိပ်တန်းဆေးဘက်ဆိုင်ရာအရာရှိလည်းဖြစ် ဓာတ်မတည့် ခြင်းနှင့်  ကူးစက်ရောဂါဆိုင်ရာ အမျိုးသား     အင်စတီကျု၏ ခေါင်းဆောင်လည်း   ဖြစ်သည့် ဒေါက်တာ    အန်တိုနီဖော်စီက မကြာမီအချိန်အတွင်း   မော်ဒါနာ နှင့် ဂျွန်ဆင်နှင့်ဂျွန်ဆင်  ကိုဗစ်-၁၉ကာကွယ်ဆေးများကို အက်ဖ် ဒီအေက အပြည့်အဝ အသုံးပြုခွင့် ပေးနိုင်ကြောင်း  အများဆုံးတစ်လအတွင်းဖြစ်နိုင်ကြောင်း  ပြော ကြားခဲ့သည်။ 
လာမည့်အားလပ်ရက် ရာသီ မရောက်ခင်    ကလေးငယ်များ အတွက်  မော်ဒါနာနှင့်  ဖိုက်ဇာ ကိုဗစ်-၁၉   ကာကွယ်ဆေးများ သည် အက်ဖ်ဒီအေ၏ ထောက်ခံ ချက်ရရှိနိုင်ကြောင်း   ဖော်စီက ပြောသည်။               
စီအင်န်အေ