နောက်ထပ် စတားလင့်ခ် ဂြိုဟ်တု ၂၃ စင်း လွှတ်တင်

 

လော့စ်အိန်ဂျလိစ်   ဧပြီ   ၆


အမေရိကန်ပုဂ္ဂလိက အာကာသ ကုမ္ပဏီ SpaceX သည် ဂြိုဟ်ပတ် လမ်းအတွင်းသို့ ဧပြီ ၅ ရက်က နောက်ထပ် စတားလင့်ခ် ဂြိုဟ်တု ၂၃ စင်းကို လွှတ်တင်လိုက်ကြောင်း သိရသည်။ အဆိုပါ ဂြိုဟ်တုများကို ဖလော်ရီဒါပြည်နယ် ကိတ်ကနာ ဗရယ်   အာကာသတပ်ဖွဲ့စခန်းမှ ဖယ်လ်ကွန် - ၉ ဒုံးပျံဖြင့် လွှတ် တင်ခဲ့ခြင်းဖြစ်ကြောင်း SpaceX ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖယ်ကွန် - ၉ ဒုံးပျံ၏ ပထမအဆင့် သည်   အတ္တလန်တိတ်သမုဒ္ဒရာ တွင် စခန်းချထားသော A Short-fall of Gravitas ဒရုန်းယာဉ်ပေါ် သို့ဆင်းသက်ခဲ့ကြောင်း အာကာသ ကုမ္ပဏီက ထုတ်ပြန်ထားသည်။ 


နောက်ပိုင်းတွင် ဂြိုဟ်တု ၂၃ စင်း   ဖြန့်ကြက်ချထားနိုင်မှုကို SpaceX က အတည်ပြုခဲ့သည်။ စတားလင့်ခ်သည်  အင်တာနက် သုံးစွဲခွင့်   မရရှိသောနေရာများ၊ သုံးစွဲခွင့်ရရန် ဈေးအလွန်ကြီးသော နေရာများ သို့မဟုတ် လုံးဝသုံးစွဲခွင့်  မရရှိသောနေရာများအား  မြန်နှုန်း မြင့်   အင်တာနက်ဝန်ဆောင်မှုကို သုံးစွဲခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

   
ဆင်ဟွာ