
နေပြည်တော် ဒီဇင်ဘာ ၂၃
နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင် ကောင်းဖြစ်မည်ဖြစ်သဖြင့် နောက်လိုက် ကောင်းများဖြစ်လာစေရေးသင်တန်းများ တွင် စနစ်တကျ လေ့ကျင့်ဆောင်ရွက် ပေးရန်လိုကြောင်း၊ လေ့ကျင့်သင်ကြား ပေးနေသူ နည်းပြများအနေဖြင့် သင်တန်း သားများအား အရေအတွက်ထက် အရည်အချင်းပြည့်ဝစေရေး လေ့ကျင့် ဆောင်ရွက်၍ စစ်သားကောင်းဖြစ်အောင် လေ့ကျင့်ပေးရန်လိုကြောင်း၊ စစ်စည်းကမ်း သည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင် ဖြစ်သဖြင့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်စေရေး အဓိကထား လေ့ကျင့် ဆောင်ရွက်ပေးရန်လိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)တို့မှ ကျောင်းအုပ်ကြီး များ၊ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ဆရာ ဆရာမကြီးများနှင့် သန္ဓေအရာရှိများအား ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ် ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိ ကြီးများ၊ ဆရာကြီး ဆရာမကြီးများနှင့် သန္ဓေအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးလင်းအောင်နှင့် တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်မျိုးတင်တို့က ၁၉၉၉ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)တို့မှ အရာရှိများ လေ့ကျင့်မွေးထုတ်ပေး နိုင်ခဲ့မှု၊ စာပေသင်ကြားပေးနိုင်ခဲ့မှုနှင့် လက်ရှိတာဝန်ထမ်းဆောင်နေမှု အခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ရေးပိုင်းဆိုင်ရာများ နှင့် ပတ်သက်၍ပြောကြားရာ၌ တပ်မတော် တွင် လေ့ကျင့်ရေးသည်အရေးကြီး ကြောင်း၊ စွမ်းရည်ထက်မြက်ရေးအတွက် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးနှင့် အုပ်ချုပ်ရေး စွမ်းရည်တို့ဖြစ်ကြောင်း၊ အသိပညာနှင့် အတတ်ပညာများ ပေါင်းစပ်ဆောင်ရွက် ရခြင်းဖြစ်ပြီး တွေးခေါ်ကြံဆမှုများဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ် တက္ကသိုလ်နှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) တို့သည် စစ်ဘက်ခေါင်းဆောင်များကို တိုက်ရိုက်မွေးထုတ်ပေးပြီး ဆေး တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည့် တက္ကသိုလ်များသည် သက်ဆိုင်ရာ ဘာသာရပ်များတတ်ကျွမ်းသည့် စစ်ဘက် ခေါင်းဆောင်များ မွေးထုတ်ပေးလျက်ရှိ ကြောင်း၊ သင်တန်းကျောင်းများတွင် စစ်ပညာများ သင်ကြားပေးလျက်ရှိ သကဲ့သို့ အတန်းပညာများကိုလည်း သင်ကြားပေးလျက်ရှိကြောင်း၊ တပ်မတော် တက္ကသိုလ်များနှင့် ပြင်ပတက္ကသိုလ်များ သည် သင်ကြားရေးနှင့်ပတ်သက်၍ ကွာခြားမှုများရှိကြောင်း၊ ပြင်ပတက္ကသိုလ် များသည် မိမိကိုယ်တိုင်လေ့လာမှုများကို ဆောင်ရွက်၍ လက်တွေ့လေ့ကျင့်ခန်း များကို ကိုယ်တိုင်တွေးခေါ်မှုနှင့် ဆောင်ရွက်ပြီး စာမေးပွဲဖြေဆိုမှုများကို ပြုလုပ်ရကြောင်း၊ တပ်မတော်တက္ကသိုလ် များသည် ဘာသာရပ်များအလိုက် အချိန်ပြည့်သင်ကြားသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျက်မှတ်ရသည်များ ရှိသကဲ့သို့ ဖတ်ရှုလေ့လာရသည်များ လည်း ရှိကြောင်း။
ချွေးထွက်များမှ သွေးထွက်နည်းမည် ဖြစ်သဖြင့် မိမိတို့လေ့ကျင့်မွေးထုတ်ပေး လိုက်သည့် အနာဂတ်ခေါင်းဆောင်များ ကို လေ့ကျင့်သားပြည့်ဝပြီး တပ်မတော် က အားကိုးအားထားရသူများဖြစ်လာ စေရန် စနစ်တကျ လေ့ကျင့်ပေးရန်လို ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအဆင့် အလိုက် သင်ကြားပေးလိုက်သည့် ဘာသာရပ်များအား အမှန်တကယ် တတ်ကျွမ်းပြီး လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရေး လေ့ကျင့်သင်ကြား ပေးရန်လိုကြောင်း၊ လေ့ကျင့်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ဖြင့် လေ့ကျင့်သင်ကြားပေးရန် လိုပြီး အသေးအဖွဲမှအစ ဂရုစိုက်ရန်လိုကြောင်း။
အရည်အချင်းပြည့်ဝမှုရှိစေရေး
သင်တန်းသားများ၏ လေ့ကျင့်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရေ အတွက်ထက် အရည်အချင်းပြည့်ဝမှု ရှိ စေရေး ဦးစားပေးလေ့ကျင့်သင်ကြားပေး နေရန်လိုကြောင်း၊ သင်တန်းသားနှင့် နည်းပြအချိုးကို မျှတအောင်ဆောင်ရွက် ပေးပြီးဖြစ်သဖြင့် လေ့ကျင့်သင်ကြား ပေးရာတွင် အရည်အချင်းပြည့်ဝသူများ မွေးထုတ်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ Guardian စနစ်ဖြင့် အဆင့်ဆင့်ကြပ်မတ် ကွပ်ကဲဆောင်ရွက်ရာတွင် သင်တန်းသား များ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စာပေ ပညာဆိုင်ရာများ ကောင်းမွန်စေရေး အနီးကပ်တစ်ဦးချင်း ကြပ်မတ်ကွပ်ကဲလေ့ကျင့်သင်ကြားဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်း၊ ထို့အတူ စာပေပညာရပ်များ သင်ကြားပေးရာတွင်လည်း သက်ဆိုင်ရာ ဘာသာရပ်များအလိုက် အမှန်တကယ် တတ်ကျွမ်း၍ ထူးချွန်သူများဖြစ်အောင် သင်ကြားပေးရန်လိုကြောင်း၊ သင်တန်း သားတစ်ဦးချင်း၏ အနေအထားကို သိရှိရန်လိုပြီး လိုအပ်ချက်၊ အားနည်းချက် များကိုဖော်ထုတ်၍ ဖိဖိစီးစီးသင်ကြား လေ့ကျင့်ပေးခြင်းဖြင့် အမှန်တကယ် အရည်အချင်းရှိသည့် သင်တန်းသား အရာရှိများကို မွေးထုတ်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ ထိုသို့မွေးထုတ်ပေးနိုင်ရန်အတွက်လည်း အရည်အချင်းပြည့်ဝသည့် နည်းပြများကို ရွေးချယ်ခန့်အပ်ထားခြင်း ဖြစ်သဖြင့် မိမိတို့ဖြတ်သန်းလာရသည့် ဘဝအတွေ့အကြုံ၊ တတ်ကျွမ်းထားသည့် ဘာသာရပ်များအလိုက် စာပေပညာရပ် များကို အသုံးချ၍ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်းဖြင့် မှာကြားသည်။
မျက်ကွယ်ပြုနေ၍မရ
ထို့နောက် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် ၂၀၁၁ ခုနှစ် တွင် ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် အညီ လျှောက်လှမ်းခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ်သည် ပြည်သူ များမှ ဆန္ဒမဲပေးခွင့်ရှိသူများ၏ ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ခြင်းဖြစ် သဖြင့် မျက်ကွယ်ပြုနေ၍မရကြောင်း၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ဒီမိုကရေစီ အစိုးရသက်တမ်းများတွင် တပ်မတော် အနေဖြင့် ဥပဒေအရပေးအပ်ထားသော တာဝန်များကို အစိုးရနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်မှ စ၍ အနိုင်ရပါတီ၏လုပ်ဆောင်ချက် များသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိ သည်ကို တွေ့ရှိရသဖြင့် မိမိအနေဖြင့် ဒီမိုကရေစီတွင် စည်းကမ်းတကျရှိရန်နှင့် တရားမျှတမှုရှိရန် အကြိမ်ကြိမ်တိုက် တွန်းပြောကြားခဲ့ကြောင်း၊ သို့သော် ရွေးကောက်ပွဲကျင်းပရာ၌ ကြိုတင်မဲပေး ခြင်းများဆောင်ရွက်ရာတွင် ဥပဒေနှင့် ညီညွတ်မှုများမရှိသည်ကို သိရှိခဲ့ရပြီး ရွေးကောက်ပွဲကျင်းပချိန်တွင်လည်း မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို အချို့သောပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီ များ၏ ပြောကြားချက်အရ သိရှိခဲ့ရကြောင်း၊ မဲစာရင်းများအား ပြန်လည်စိစစ်ခဲ့ရာ မဲစာရင်း မှားယွင်းမှုကိုတွေ့ရှိရသဖြင့် အစိုးရအဖွဲ့ နှင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိ သူများအား မဲစာရင်းမှားယွင်းမှုများ အတွက် ဖြေရှင်းပေးရန် အကြိမ်ကြိမ် ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေ ဖြင့် တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ဖြေရှင်း ပေးခြင်းမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော် အား အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန် အား ထမ်းဆောင်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း၍ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ် ဆောင်ရွက်ပြီး နိုင်ငံတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အစိုးရ၏ လက်တွေ့ကျသော ရည်ရွယ်ချက်နှင့် လက်ရှိလုပ်ဆောင်နေမှု သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများရေးအတွက် ဦးတည် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန် ပေးဆောင်ရွက်ရာတွင်လည်း အရပ်သား များကိုသာ ဥပဒေနှင့်အညီ အတွေ့အကြုံ ရှိပြီး အရည်အချင်းပြည့်ဝသူများကို တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အား အရေးပေါ်အခြေအနေဖြင့် တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော် လည်း ဒီမိုကရေစီနည်းလမ်းအရသာ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိပြီး ဆက်လက်၍လည်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင် လည်း အမုန်းတရားများမဖြစ်ပေါ်စေရန် နှင့် သွေးထွက်သံယိုမှုအနည်းဆုံးဖြစ် စေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက် ပွဲပြန်လည်ကျင်းပနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာ တွင်အတတ်နိုင်ဆုံး မဲစာရင်းမှားယွင်းမှု မရှိစေရေးနှင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိ စေရေး၊ မသမာသည့်နည်းလမ်းဖြင့် မဲပေးမှုမရှိစေရေးတို့အတွက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဆန္ဒမဲပေး ခွင့်ရှိသူများအားလုံး နိုင်ငံသားစိစစ်ရေး ကတ်များရရှိစေရေးအတွက် ဆောင်ရွက် လျက် ရှိရာ ယခုအချိန်အထိ ၂၅ ရာခိုင်နှုန်း ခန့်သာပြီးစီးသေး၍ ၎င်းလုပ်ငန်းစဉ်ကို ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
ဒီမိုကရေစီအရဆောင်ရွက်ရာတွင် အချို့သော အဖွဲ့အစည်းများသည် အကြမ်းဖက်ဆောင်ရွက်မှုများရှိကြောင်း၊ မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများ နှင့် ဆက်စပ်နေသောအဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ ခွဲခြားကြည့်ပါက လွပ်လပ်ရေး ကာလမှ ၂၀၁၁ ခုနှစ်မတိုင်မီအချိန်အထိ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ အယူဝါဒများအရ သဘောထား တိုက်ဆိုင် မှုမရှိခြင်းကြောင့် လက်နက်ကိုင် ဆောင်ရွက်ခဲ့သည့် တိုင်းရင်းသားအဖွဲ့ များရှိကြောင်း၊ ၎င်းတို့အဖွဲ့များထဲမှ အချို့အဖွဲ့များအနေဖြင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA) လက်မှတ်ရေးထိုးထားကြသူများ ဖြစ်သဖြင့် ၎င်းတို့နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးနည်းလမ်းအရ ဆွေးနွေး ဆောင်ရွက်နေသည့်အဖွဲ့များဖြစ်ကြောင်း၊ သို့သော် ၂၀၁၁ ခုနှစ်ဒီမိုကရေစီအသွင်ကူးပြောင်းပြီးနောက်ပိုင်းတွင် အချို့သော တိုင်းရင်းသားအဖွဲ့များသည် ဒီမိုကရေစီ ကို မျက်ကွယ်ပြု၍ လက်နက်ကိုင် ဆောင်ရွက်လာကြကြောင်း၊ ယခုအခါ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု ကြောင့် ပေါ်ပေါက်လာသည့် အကြမ်းဖက် အဖွဲ့အစည်းများရှိကြောင်း၊ အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများအား မိမိတို့ အနေဖြင့် တွေ့ဆုံဆွေးနွေးရန်မရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများကို ကိုယ်စား ပြုသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သော်လည်း ပါတီအချို့အနေဖြင့် လာရောက်တွေ့ဆုံဆွေးနွေးခြင်းမရှိကြောင်း၊ အစုအဖွဲ့လိုက် ထောက်ခံသူပြည်သူများကို ပါတီများက သာကိုယ်စားပြုပြီး ပုဂ္ဂလိကအနေဖြင့် ကိုယ်စားပြုမှုမရှိကြောင်း၊ နိုင်ငံရေးပါတီ များသည် ပြည်သူများကိုကိုယ်စားပြုသည့် နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီကိုမျက်ကွယ် ပြု၍မရဘဲ အရေးယူရန်ရှိသူများကို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဥပဒေအထက်တွင် မည်သူမျှ ရှိ၍မရကြောင်း၊ ဥပဒေနှင့်ညီညွတ်မှုမရှိ ပါက ဥပဒေနှင့်အညီသာအရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး မိမိတို့အနေဖြင့် အတတ် နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်