နှစ်သစ်ကူးရုံးပိတ်ရက် မန်းရွှေစက်တော်ဘုရားကြီးတွင် ဘုရားဖူးများဖြင့်စည်ကား

 

မင်းဘူး  ဇန်နဝါရီ   ၁


မကွေးတိုင်းဒေသကြီး        မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားကြီး၌       ယခုတစ်ပတ် နှစ်သစ်ကူး     ရုံးပတ်ရက်များ၌ နှစ်ဦးကုသိုလ်ပြု   ဘုရားဖူးများဖြင့်      စည်ကားလျက်ရှိကြောင်း   မန်းရွှေ စက် တော်   ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

 


မန်းရွှေစက်တော်ဘုရားကြီး တွင် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူး ရုံးပိတ်ရက်၌   မြတ်ဗုဒ္ဓ၏   ပါဒ ခြေတော်ရာ   နှစ်ဆူဖြစ်တော်မူ သော   အထက်စက်တော်ရာနှင့် အောက်စက်တော်ရာအား နေ့ချင်း ပြန်  လာရောက်ဖူးမြော်ကြသော အနယ်နယ်အရပ်ရပ်မှ   ရဟန်း ရှင်လူ ဘုရားဖူးမိဘပြည်သူများ၊ နှစ်ဦးကုသိုလ်ပြုကြသူများ၊ ဥပုသ် သီတင်းသီလ  ဆောက်တည်ကြ သူများ၊     အလှူအတန်းနှင့် ကောင်းမှု    ကုသိုလ်ပြုလုပ်ကြ သူများ၊  ပရိတ်/ပဋ္ဌာန်းဒေသနာ တော် ရွတ်ဖတ်ပူဇော်ကြသူများ၊ ပန်း၊  ဆီမီး၊   ရေချမ်း  ကပ်လှူ ပူဇော်ကြသူများ၊ နဂါးစာကျွေး၊ ငါးလွှတ်   ကုသိုလ်ပြုကြသူများ နှင့်    မျောက်စာ    ကျွေးကြသူများ၊ အမှတ်တရ ဈေးအရောင်းဆိုင်များ၊ အမှတ်တရ   ဓာတ်ပုံရိုက်ကူးကြ သူများနှင့်    မန်းချောင်းအတွင်း ရေချိုး      အပန်းဖြေသူများဖြင့် စည်ကားခဲ့ပြီး အစိုးရရုံးပိတ်ရက် များအပြင်    နေ့စဉ်လာရောက် ဖူးမြော်လျက်ရှိကြောင်း မန်းရွှေ စက်တော်ဘုရား    အောက်စက် တော်ရာ တာဝန်ခံ ဦးသိန်းလှိုင် ထံမှ သိရသည်။

 


မန်းရွှေစက်တော် ဘုရားကြီး ကို     ဘုရားဖူးမိဘပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ဖူးမြော်နိုင်ရေးအတွက်   ယာယီ လူကူးဝါးတံတားများ     အပြင် အောက်ခြေတော်ရာ  အရောက် ကားများဖြင့်     ဖူးမြော်နိုင်ရန် ယာယီသစ်သားသံပေါင်တံတား တစ်စင်းကိုလည်း တည်ဆောက် ပေးထားကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)