
နေပြည်တော် နိုဝင်ဘာ ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Saurabh Kumar နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ အကြား စီးပွားဆက်သွယ်ရေး နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင် ရွက်ရန် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။
သတင်းစဉ်