နှစ်နှစ်ကြာကန့်သတ်ပိတ်ဆို့ပြီးနောက် နိုင်ငံတကာခရီးသွားတွေကို ပြန်လည်ကြိုဆိုတော့မယ့် ဖိလစ်ပိုင်

 

ထလင်းဟန်သစ်

 

ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရက နိုင်ငံခြားသားခရီးသွားတွေအပေါ် နှစ်နှစ်နီးပါးကြာ ပိတ်ပင်တားမြစ်ချက်ကို ဖယ်ရှားပေးဖို့ဆုံးဖြတ်လိုက်ပြီးနောက် မေဘိုရာကေးကျွန်းအပန်းဖြေဟိုတယ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဟိုတယ်အလုပ်သမားတစ်ဦးဖြစ်တဲ့ မေရီတရိုရဲ့ ဘဝဟာ နောက်တစ်ခါ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပြီဖြစ်ပါတယ်။

 


အလုပ်သမားတွေကို ပြန်ငှားနိုင်တော့မယ် 


နှစ်နှစ်နီးပါးကြာပြီးနောက်   နိုင်ငံခြားသား  ခရီးသွားတွေကို နောက်တစ်ခါ ပြန်လာခွင့်ပြုလိုက်တဲ့အတွက် ကျွန်တော် အလွန် ပျော်ရွှင်ရပါတယ်လို့ သူက ပြောလိုက်ပါတယ်။ ဟိုတယ်တွေအနေနဲ့ နောက်တစ်ခါ အလုပ်သမားတွေကို ပြန်ပြီးငှားရမ်းနိုင်တော့မယ်လို့ ရီတရိုက ပြောပါတယ်။ 

 


အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့        ဖိလစ်ပိုင်နိုင်ငံက ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့    နိုင်ငံနဲ့ဒေသပေါင်း  ၁၅၇ နိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ နိုင်ငံတကာခရီးသွား တွေကို ဖေဖော်ဝါရီ  ၁၀ ရက်မှစကာ ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်ပျံ့နှံ့ခြင်းကို ထိန်းသိမ်းဖို့ နှစ်နှစ်နီးပါး ခရီးသွားကန့်သတ်ခဲ့ပါတယ်။

 


စောင့်မျှော်နေပြီ


နေရောင်ထွန်းလင်းတောက်ပမှုနဲ့အတူ ကမ်းခြေတွေဟာ အခု တော့ နိုင်ငံတကာခရီးသွားတွေကို စောင့်မျှော်နေကြပါပြီ။
သို့သော်လည်း နိုင်ငံကိုလာရောက်မယ့်  ခရီးသွားတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်ထိုးထားကြောင်း  သက်သေပြဖို့တော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားခရီးသွားတွေအနေနဲ့ သူတို့မထွက် ခွာခင် အနည်းဆုံး ၄၈ နာရီအတွင်း ကိုဗစ်-၁၉ ကင်းစင်ကြောင်း  သက်သေအထောက်အထားပြဖို့တော့  လိုအပ်ပါတယ်။ ဒါ့အပြင် အပြန်လက်မှတ်နဲ့ ခြောက်လအထိသက်တမ်းရှိတဲ့ နိုင်ငံကူးလက်မှတ် လည်း ပြသဖို့လိုပါတယ်။

 


ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ခရီးသွားကဏ္ဍကို ဆိုးရွားစွာ ထိခိုက်ခဲ့ပါတယ်။   ကိုဗစ်-၁၉ ကြောင့်   ဟိုတယ်တွေနဲ့ လေကြောင်းလိုင်းတွေကို ရပ်ဆိုင်းခဲ့ရပြီး ဝန်ထမ်းတွေ လျှော့ချလိုက် ရတဲ့အထိ အခြေအနေတွေဆိုးလာခဲ့ပါတယ်။ 

 


ခရီးသွားကဏ္ဍကို  ရိုက်ခတ်မှုဖြစ်စေ


ဖိလစ်ပိုင် ခရီးသွားဝန်ကြီး ဘာနန်ဒက်ရိုမူလို ပူရက်က ကိုဗစ်-၁၉ က နိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာရှိတဲ့ အလုပ်သမားပေါင်း ၁ ဒသမ ၁ သန်းခန့်ကို ရိုက်ခတ်မှုတွေဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 
ရီတရိုကတော့ ကံကောင်းစွာနဲ့ သူ့အလုပ်ကို ဆက်လက်လုပ်ကိုင် ခွင့်ရခဲ့ပါတယ်။

 


သူ့ဆီကသတင်းအရတော့ သူလုပ်တဲ့ဟိုတယ်က ဝန်ထမ်းအနည်း ငယ်ကိုပဲ ဆက်ခေါ်ထားတယ်လို့   ပြောပါတယ်။   အဲဒီအချိန်မှာ နိုင်ငံတကာခရီးသွားကလည်း လုံးဝမရှိပါဘူး။ ကိုဗစ်-၁၉ ကန့်သတ် ချက်    ပြန်လည်ဖြေလျှော့လိုက်တာနဲ့အညီ    ဟိုတယ်တွေလည်း အလုပ်သမားတွေကို ပိုပြီးငှားရမ်းလာနိုင်တော့မှာဖြစ်တယ်လို့ သူက ဝမ်းသာအားရ ပြောကြားလိုက်ပါတယ်။
မိမိတို့အနေနဲ့ နိုင်ငံခြားသားခရီးသွားတွေကို ပြန်ပြီးကြိုဆိုရတော့ မယ်လို့ ဖိလစ်ပိုင်ခရီးသွားဝန်ကြီး ပူရက်က ပြောပါတယ်။ ခရီးသွား ကဏ္ဍကိုလည်း  နိုင်ငံတကာခရီးသွားတွေကို   ဖိတ်ခေါ်နိုင်အောင် အကောင်းဆုံးပြင်ဆင်ထားတယ်လို့  သူက  ဆက်လက်ပြောကြားခဲ့ ပါတယ်။

 


ပထမဆုံးနေ့ကို စောင့်မျှော်နေ 


နိုင်ငံတကာခရီးသွား ၂၀၀ ကျော်၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ မလေးရှားနိုင်ငံက နိုင်ငံတကာ ခရီးသွားတွေဟာ  ဖိလစ်ပိုင်နိုင်ငံရဲ့ နယ်စပ်ဂိတ်ပြန်ဖွင့်မယ့် ပထမဆုံး နေ့ကို စောင့်မျှော်နေကြပါပြီ။ 
အိမ်နီးချင်း အာဆီယံနိုင်ငံတွေရဲ့ ခရီးသွားတွေကို  မိမိတို့တွေ စောင့်မျှော်နေကြတယ်လို့ ပူရက်က ပြောပါတယ်။ နိုင်ငံတကာခရီးသွား တွေ   ဒီတစ်နှစ်လုံးဝင်ရောက်ဖို့    မျှော်လင့်ထားတယ်လို့ သူက ဆက်ပြောလိုက်ပါတယ်။ 

 


ပြည်တွင်းခရီးသွားကဏ္ဍနဲ့ နိုင်ငံတကာခရီးသွားတွေအတွက် ဖိလစ်ပိုင်နိုင်ငံကို    ပြန်လည်ဖွင့်ပေးမှုနဲ့အတူ   အလုပ်သမားတွေ အတော်များများ    သူတို့ရဲ့အလုပ်တွေကို   ပြန်ရနိုင်တော့မယ်လို့ မိမိတို့ မျှော်လင့်ပါတယ်လို့ သူက ဆက်ပြောလိုက်ပါတယ်။ ကြိုဆို ဧည့်ခံတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ကာကွယ်ဆေးထိုးဖို့ လိုအပ် တယ်လို့ ခရီးသွားဝန်ကြီးက ပြောကြားလိုက်ပါတယ်။ 

 


ခရီးသွားဆွဲဆောင်ရာ ထိပ်တန်းနေရာ 


ပူရက်ရဲ့ပြောကြားချက်အရ ဘိုရာကေးကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ခရီးသွားဆွဲဆောင်ရာ ထိပ်တန်းနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ 
နိုင်ငံခြားသားခရီးသွားတွေအတွက် တခြားထင်ရှားကျော်ကြားတဲ့ နေရာတွေကတော့ ဘိုဟော၊ ပါလာဝမ်၊ ဘာတန်ဂက်စ်၊ ဘာဂူယိုမြို့တို့ပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းက အီလိုကို့စ်ဒေသလည်း ထင်ရှားကျော်ကြားတဲ့ နိုင်ငံတကာခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။

 


ခရီးသွားလမ်းကြောင်းတွေကို အသေးစိတ်စီစဉ်ဖို့ လိုပါတယ်လို့ ပူရက်က ထပ်လောင်းပြောကြားလိုက်ပါတယ်။


ထိပ်တန်းစာရင်းဝင်  နိုင်ငံတစ်နိုင်ငံဖြစ်  


ခရီးသွားလမ်းကြောင်းမှာ နိုင်ငံတစ်ဝန်း ခရီးသွားလည်ပတ်ရာ နေရာပေါင်း ၇၀ ပါဝင်ပါတယ်။ အဲဒီခရီးသွားလည်ပတ်ရာနေရာတွေမှာ အစားအသောက်နဲ့   စက်ဘီးစီးခြင်း၊   ဆိုင်ကယ်စီးခြင်းကဲ့သို့သော   ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေဖို့ လှုပ်ရှားဆောင်ရွက်မှုတွေလည်း ပါဝင်ပါတယ်။    ဒါ့အပြင်   လယ်ယာစိုက်ပျိုးရေးခရီးသွားကဏ္ဍ၊ တောင်တက်ခြင်းနဲ့ ဒိုင်ဗင်ထိုးခြင်းတွေလည်း ပါဝင်မှာဖြစ်တယ်လို့ ပူရက်က ပြောပါတယ်။  

 


ဗီဇာကင်းလွတ်ခွင့်စာရင်းတွင် မပါဝင်သော်လည်း တရုတ်နိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံသို့ အဓိကလာရောက်လည်ပတ်တဲ့ ထိပ်တန်းစာရင်းဝင် နိုင်ငံတစ်နိုင်ငံ   ဖြစ်ပါတယ်။   နောက်တစ်ကြိမ်  သူတို့ကို မိမိတို့ရဲ့ ဟိုတယ်တွေမှာ ပြန်လည်တွေ့ဆုံဖို့ မျှော်လင့်ပါတယ်။ 


ကိုးကား - ဆင်ဟွာ