National Database စနစ် တည်ဆောက်နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဒစ်ဂျစ်တယ်စနစ် အောင်မြင်စွာကူးပြောင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၂၀


National  Database စနစ် စတင်        အကောင်အထည်ဖော်    ဆောင် ရွက်နိုင်ရေးအတွက်     ရှင်းလင်း ဆွေးနွေးပွဲကို   ယနေ့မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။  


အခမ်းအနားသို့   National Database စနစ် တည်ဆောက်ရေး ဦးဆောင်ကော်မတီ      အတွင်း ရေးမှူး၊  e-ID   စနစ်   လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ် ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်     သိပ္ပံနှင့်   နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဦးဆောင်ကော်မတီ         အဖွဲ့ဝင် တပ်မတော်  (ကြည်း၊ ရေ၊ လေ) သတင်းနှင့်       နည်းပညာဌာန ဌာနမှူး ဗိုလ်မှူးချုပ်   မြတ်မင်းဦး၊ ဝန်ကြီးဌာနများနှင့်   အစိုးရအဖွဲ့ အစည်းအသီးသီးမှ   အမြဲတမ်း အတွင်းဝန်များ၊  ညွှန်ကြားရေးမှူး ချုပ်များ၊  ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်       တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


အစီအစဉ်အရ    National Database     တည်ဆောက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်  က e-ID စနစ် အကောင်အထည် ဖော်      ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး  လုပ်ငန်းစဉ်တွင် အဓိကကျသည့်      လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး     e-ID   စနစ်ကို လုပ်ငန်းအဆင့် (၅) ဆင့်ဖြစ်သည့် နိုင်ငံသား၊  ဧည့်နိုင်ငံသား၊  နိုင်ငံ သားပြုခွင့်ရသူ၊   NV ကတ်ကိုင် ဆောင်ထားသူ၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား    အမြဲနေထိုင်ခွင့် (PR) ရရှိသူ၊   ပြည်တွင်း၌ အခွန် ဆောင်နေထိုင်သည့်နိုင်ငံခြားသား (FRC) ရရှိထားသူများ၏ ကိုယ်ရေး အချက်အလက်များအား   Data-base  System အတွင်းသို့ ထည့် သွင်းသည့်လုပ်ငန်း၊     ဇီဝဆိုင်ရာ အချက်အလက်များ    ကောက်ယူ  ခြင်း၊ စိစစ်ခြင်းနှင့်  Unique ID ထုတ်ပေးခြင်းလုပ်ငန်း၊    နိုင်ငံ တကာ       စံချိန်စံညွှန်းနှင့်အညီ ကတ်အလွတ်များ  ထုတ်လုပ်ခြင်း လုပ်ငန်း၊  ကတ်အလွတ်များတွင် အချက်အလက်များ ထည့်သွင်း ခြင်းလုပ်ငန်း၊ e-ID စနစ်တစ်ခုလုံး အား       ထိန်းချုပ်သည့်လုပ်ငန်း စသည့်           အဆင့်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်  သွားမည်ဖြစ်ပါကြောင်း။  


e-ID  စနစ်သည် လူတစ်ဦး ချင်းစီ၏ ကိုယ်ရေးအချက်အလက် များနှင့် ဇီဝဆိုင်ရာအချက်အလက် များကို   တွဲဖက်၍   Unique ID နံပါတ်ကို Random အနေဖြင့် ထုတ်ပေးခြင်း       ဖြစ်ပါကြောင်း၊ Biographic နှင့် Biometric Data များပေါင်းစပ်၍     ထုတ်ပေးခြင်း ဖြစ်သည့်အတွက်   နံပါတ်တစ်ခု တည်းကို  လူနှစ်ယောက်ထုတ်ပေး မိခြင်း၊ လူတစ်ယောက်တည်းက ကတ်(၂)ကတ်  ကိုင်ဆောင်ခြင်း များ     ရှိနိုင်မည်မဟုတ်တော့ပါ ကြောင်း၊  e-ID   နံပါတ်သည် နိုင်ငံအတွင်းနှင့်      နိုင်ငံပြင်ပရှိ အမျိုးမျိုးသော အထောက်အထား စိစစ်ခြင်းလုပ်ငန်းများတွင် အချိန် နေရာမရွေး  အထောက်အထား ခိုင်လုံစွာဖြင့်  သက်သေခံနိုင်သည့် စနစ်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်၊ နိုင်ငံကူးလက်မှတ်၊   မဲလက်မှတ်၊  ဝန်ထမ်းကတ်၊ ဘဏ်ကတ် စသည့်  အမျိုးမျိုးသော Functio-nal ID များအတွက် Foundational ID    အဖြစ်    အသုံးပြုနိုင်မည်ဖြစ်ပါ ကြောင်း၊ e-ID  စနစ်ကို အောင်မြင် စွာအကောင်အထည်ဖော် ဆောင် ရွက်နိုင်မှသာ National    Data-base  စနစ်ကို  ထိထိရောက်ရောက်  ဆောင်ရွက်နိုင်မည်    ဖြစ်သည့် အတွက်   ဝန်ကြီးဌာနအလိုက်     ဒစ်ဂျစ်တယ်စနစ် အောင်မြင်စွာ  ကူးပြောင်း   ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင် ရွက်ပေးကြစေလိုပါကြောင်း  ရှင်း လင်းပြောကြားသည်။ 


ထို့နောက် ဦးဆောင်ကော်မတီ  အဖွဲ့ဝင်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ     မျိုးသိန်းကျော်က e-Government  နှင့်   National Database စနစ် အထောက်အကူ ပြုနိုင်ရေးအတွက်    လူ့စွမ်းအား အရင်းအမြစ်    ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မှု နှင့်   ဝန်ကြီးဌာနမှ   ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့်    အစီအစဉ် များကို ရှင်းလင်းပြောကြားသည်။ 
ယင်းနောက်          ဦးဆောင် ကော်မတီအဖွဲ့ဝင်    တပ်မတော် (ကြည်း၊ ရေ၊ လေ)    သတင်းနှင့် နည်းပညာဌာန ဌာနမှူး ဗိုလ်မှူး ချုပ်   မြတ်မင်းဦးက   National Database   စနစ်   တည်ဆောက် ထားရှိမှု၊        ဝန်ကြီးဌာနများရှိ Database   များနှင့်   ချိတ်ဆက် ဆောင်ရွက်မည့်       အစီအစဉ်၊ ဆက်လက်        ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေနှင့် ဝန်ကြီး ဌာနများအလိုက်      ဆောင်ရွက် ထားရှိရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။ 


ဆက်လက်၍  ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ညွှန်ကြား ရေးမှူးချုပ်    ဦးမင်းဟိန်းတို့က National  Database စနစ် တည် ဆောက်ရေး    လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီ ၏   တာဝန်ဝတ္တရားများ၊ အဆိုပြု ဖွဲ့စည်းပုံနှင့်     အကြံပြုလိုသည့် အချက်အလက်များနှင့် ပတ်သက် ၍    ရှင်းလင်းဆွေးနွေးပြောကြား ကြသည်။ 


ယင်းနောက်      ဦးဆောင် ကော်မတီ           အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား       ပြောကြားကာ ဆွေးနွေးပွဲကို    ရုပ်သိမ်းလိုက် ကြောင်း သိရသည်။  

သတင်းစဉ်