
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ပြင်ဦးလွင်တပ်နယ်ရှိ ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး
နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုအားပေး
နေပြည်တော် ဒီဇင်ဘာ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ ရှေးဟောင်း တပ်မတော် ဧည့်ရိပ်သာများ ထိန်းသိမ်းထားရှိမှု အခြေအနေ များကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုအားပေး သည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရှေးဟောင်းတပ်မတော် ဧည့်ရိပ် သာများဖြစ်သည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် ယုဇနမြိုင်တို့သို့ ရောက်ရှိကြပြီး ထိန်းသိမ်းထားရှိ မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြ သည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရှေးဟောင်း အဆောက်အအုံများ ဖြစ်သည့် အတွက် မူလပုံစံမပျက်စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ် သည့်အခြေအနေ၊ ထိန်းသိမ်း ပြုပြင်မှုများအတွက် ငွေကြေး ကုန်ကျမှုများ ရှိမည်ဖြစ်သော် လည်း သမိုင်းအမွေအနှစ်များ ဖြစ်သည့်အတွက် ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး မှတ်တမ်း များလည်း စနစ်တကျထားရှိရန် လိုအပ်သည့် အခြေအနေ၊ ထိန်းသိမ်းမှု ဆောင်ရွက်ရာတွင် ထည့်သွင်းအသုံးပြုရန် လိုအပ် သည့် ပရိဘောဂများနှင့် အခြား အသုံးအဆောင် ပစ္စည်းများကို ရှေးဟောင်းလက်ရာပစ္စည်းများ ကိုသာ အတတ်နိုင်ဆုံး ရှာဖွေ ထည့်သွင်းသုံးစွဲရန် လိုအပ်သည့် အခြေအနေ၊ သဘာဝဘေး အန္တရာယ်ကာကွယ်တားဆီးရေး ဆောင်ရွက်ထားရှိရန်နှင့် မီးဘေး အန္တရာယ်ကိုလည်း အထူးဂရုပြု ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများ အား မှာကြားခဲ့ပြီး ဧည့်ရိပ်သာ များ၏ အတွင်းပိုင်းနှင့်အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းထားရှိမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ထုံးဘိုကျေးရွာရှိ ဒီဇင်ဘာ နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း သို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးစံလှက နို့စားနွား မွေးမြူထားရှိ မှုအခြေအနေ၊ နို့နှင့် နို့ထွက် ပစ္စည်း ထုတ်လုပ်မှုအခြေအနေနှင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ပြင်ဦးလွင် ဒေသရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းရှင်များနှင့် မလိုင်လုပ်ငန်း ရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး နို့စားနွားမွေးမြူ ရေး၊ မလိုင်ထုတ်လုပ်ခြင်းများနှင့် ပတ်သက်၍ ပြောကြားရာတွင် နို့ထွက်ပစ္စည်းများနှင့်ပတ်သက်၍ ပြင်ဦးလွင်မှ စံပြဆောင်ရွက်နိုင် ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အတွက် လိုအပ်သည့် နို့ထွက်ပစ္စည်း များကို တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀ ဖိုးခန့် ပြည်ပမှတင်သွင်း နေရကြောင်း၊ တပ်မတော်တွင် လည်း နို့စားနွားမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ရေခံ မြေခံကောင်းများ ရှိပြီးဖြစ်သည့် အတွက် နွားမွေးမြူရေးလုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်၍ နို့ထွက်ကုန်ပစ္စည်းများ ထုတ်လုပ် နိုင်မည်ဆိုပါက ပြည်ပငွေသုံးစွဲမှု များကို လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ နို့စားနွားများအား စနစ်တကျ မွေးမြူမည်ဆိုပါက ပြင်ဦးလွင်ဒေသသည် အောင်မြင် နိုင်သည့် ဒေသတစ်ခုဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက် စေလိုကြောင်း၊ မွေးမြူရာ၌ စားကျက်မြေ၌ လွှတ်ကျောင်း၍ မွေးမြူခြင်း၊ လှန်၍ မွေးမြူခြင်းနှင့် အခန်းတွင်းလှောင်၍ မွေးမြူခြင်း ဟူ၍ရှိပြီး လှောင်၍ မွေးမြူခြင်း ကို စနစ်ကျနစွာ လုပ်ဆောင်ပါ က ပိုမိုအောင်မြင်နိုင်မည်ဖြစ် ကြောင်း၊ နွားစာ အစာစိမ်းနှင့် ပတ်သက်၍ ပြောင်း၊ စပါး၊ ပဲ၊ ဘာလီ၊ ဂျုံများဖြင့် အစာစိမ်း ပြုလုပ်၍ ကျွေးမွေး၍ရကြောင်း၊ မွေးမြူခြင်းနှင့် အစာကျွေးခြင်း များကို စနစ်တကျ ဆောင်ရွက် မည်ဆိုပါက နို့ထွက်နှုန်းများ တိုးတက်ပြီး အကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း။
မလိုင် ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ပြင်ဦးလွင်ဒေသသည် မလိုင်ထုတ်လုပ်မှု ကောင်းမွန် သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထုတ်လုပ်သည့် မလိုင်များ အရည် အသွေး ကောင်းမွန်စေရန်နှင့် ထုပ်ပိုးမှုစနစ်များ ကောင်းမွန် အောင် ဆောင်ရွက်၍ နိုင်ငံ တစ်ဝန်း ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နို့ကို အခြေခံသည့် ထုတ်ကုန်ပစ္စည်း များနှင့် ဒေသထွက်သီးနှံများကို အသုံးပြု၍ တန်ဖိုးမြင့်စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည် ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး အိမ်တွင်း အသေးစားစက်မှု လုပ်ငန်း (SME) များကိုလည်း နိုင်ငံတော်အစိုးရက ကူညီဖော် ဆောင်ပေးလျက်ရှိကြောင်း၊ မွေးမြူ ရေးအတွက် ခွင့်ပြုပေးထားသည့် မြေများကိုလည်း စနစ်တကျ အသုံးပြုစေလိုကြောင်း၊ နိုင်ငံ အတွင်း နွားနို့၊ ဒိန်ချဉ်နှင့် မလိုင် စသည့် နို့ထွက်ပစ္စည်းများ ပေါများ အောင် ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံသားများအတွက် အာဟာရ ပြည့်ဝစွာဖြင့် စားသုံးနိုင်မည် ဖြစ်သဖြင့် ပြင်ဦးလွင်ဒေသတွင် နို့စားနွားများကို စနစ်တကျဖြင့် မွေးမြူဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆွေးနွေးပြောကြား
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အစာစပ်လုပ်ငန်း လုပ်ဆောင်ထားရှိမှု၊ နွားများကို အသက်အရွယ် အပိုင်းအခြား အလိုက် အမျိုးအစားခွဲ၍ မွေးမြူ ထားရှိမှု၊ နို့ထုတ်ယူနေမှု၊ ထုတ်ယူ ရရှိသည့် နို့များမှ နို့ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်နေမှုအခြေ အနေများကို လိုက်လံကြည့်ရှုပြီး နည်းပညာပိုင်းဆိုင်ရာ လိုအပ် ချက်များကို ဆွေးနွေးပြောကြား ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် နောင်ခမ်းကြီးကျေးရွာ ရှိ ရှမ်း(မ်)မလိုင် မလိုင်ထုတ်လုပ် ရေးလုပ်ငန်းသို့ ရောက်ရှိကြပြီး လုပ်ငန်းရှင် ဦးမြတ်သိန်းငွေ၏ မလိုင်ထုတ်လုပ်ပုံ အဆင့်ဆင့် ရှင်းလင်းပြောကြားမှုများအပေါ် သိရှိလိုသည်များ ပြန်လည် ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ပြင်ဦးလွင်မြို့ နာရီစင် အနီးရှိ ပါရမီမလိုင်မုန့်ဆိုင်သို့ သွားရောက်၍ နို့ထွက်ပစ္စည်းများ ရောင်းချနေမှု၊ ဈေးကွက်ဖြန့်ဖြူး နေမှုအခြေအနေများကို ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်