မယ်ဆိုင်မြစ်ရေ တာချီလိတ်မြို့၌ စိုးရိမ်ရေမှတ်ရောက်နိုင်

 

နေပြည်တော်  စက်တင်ဘာ ၂၃ 


ယနေ့ နံနက် ၉ နာရီခွဲ  တိုင်းထွာချက်အရ  မယ်ဆိုင်မြစ်ရေသည် တာချီလိတ်မြို့ (လွယ်တော်ခမ်းရပ်ကွက်)တွင်ယင်းမြို့၏  စိုးရိမ်ရေမှတ်အောက် တစ်ပေခန့်တွင် ရောက်ရှိနေသည်။  အဆိုပါ  မြစ်ရေသည် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

 


သို့ဖြစ်ပါ၍  တာချီလိတ်မြို့နယ်အတွင်းရှိ   မယ်ဆိုင်မြစ်ကမ်းအနီးနှင့်  မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့်  အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                                        

မိုး/ဇလ