မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

နေပြည်တော်   ဩဂုတ်  ၂၇
ယနေ့ မွန်းလွဲ ၁၂  နာရီခွဲ  တိုင်းထွာချက်အရ မယ်ဆိုင်ချောင်း ရေသည် တာချီလိတ်မြို့    (လွယ်တော်ခမ်းကျေးရွာအုပ်စု) တွင် ယင်းမြို့၏    စိုးရိမ်ရေမှတ် ၁၂ ဒသမ ၈၀ ပေ (၃၉၀ စင်တီမီတာ) အထက်သို့ တစ်ပေခန့် (၂၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေ သည်။ အဆိုပါ ချောင်းရေသည် နောက်တစ်ရက်အတွင်း ပေဝက် ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်ဆက်လက် တည်ရှိနိုင်သည်။
သို့ဖြစ်ပါ၍   တာချီလိတ်မြို့နယ်အတွင်းရှိ    မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                                                  မိုး/ဇလ