Myanmar Digital News အမည်ဖြင့်  Online Digital Newspaper & News Portal Services လုပ်ငန်း၏ နည်းပညာပိုင်းဆိုင်ရာများနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းလှူဒါန်းပေးအပ်

 

နေပြည်တော်  ဒီဇင်ဘာ  ၁၂


Myanmar Digital News  အမည် ဖြင့်  Online Digital  Newspaper &  News  Portal  Services   လုပ်ငန်း၏ နည်းပညာပိုင်းဆိုင်ရာ များနှင့်    ဆက်စပ်ပစ္စည်းများ   လွှဲပြောင်းလှူဒါန်း  ပေးအပ်ခြင်း အခမ်းအနားကိုယနေ့မွန်းလွဲပိုင်း တွင်     ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး       ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊  အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင် ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ Megalink Advanced Technologies Co.,Ltd (MAT)မှ တာဝန်ရှိသူများ၊ Myanmar    Digital   News   မှ  ဝန်ထမ်းများ   တက်ရောက်ကြသည်။


နေရာအနှံ့ ခရီးဆန့်နေပြီဖြစ်


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား    ပြောကြားရာတွင်   ကမ္ဘာတစ်ဝန်း၌  သိပ္ပံနှင့် သတင်း အချက်အလက်      နည်းပညာ တစ်ဟုန်ထိုး          တိုးတက်လာခြင်း ကြောင့် ကမ္ဘာအရပ်ရပ်မှ  သတင်း များသည်     အချိန်မဆိုင်းဘဲ နေရာအနှံ့   ခရီးဆန့်နေပြီ    ဖြစ်ပါ ကြောင်း၊  ထိုအထဲမှ    မီဒီယာ ကျင့်ဝတ်     စည်းကမ်းများကို လိုက်နာမှုရှိသည့် အွန်လိုင်းမီဒီယာ များရှိသကဲ့သို့   မီဒီယာကျင့်ဝတ် စည်းကမ်းလိုက်နာမှု  မရှိသော အွန်လိုင်းမီဒီယာများက  နိုင်ငံရေး အရ    သဘောထားကွဲလွဲမှုများ၊    တင်းမာမှုများဖြစ်စေရန်  ရည်ရွယ် ချက်ဖြင့် သတင်းတုများ၊ ဝါဒဖြန့်မှု များကို    ပြုလုပ်လျက်ရှိသည်ကို လည်း  တွေ့ရမည်ဖြစ်ပါကြောင်း။


 စတင်မိတ်ဆက်ထုတ်လွှင့်နိုင်ခဲ့


ထို  သတင်းတုနှင့်  ဝါဒဖြန့်မှု အန္တရာယ်များကို    မြန်မာနိုင်ငံ အပါအဝင်    ဖွံ့ဖြိုးဆဲနိုင်ငံများမှ   သတင်းသမားများ၊ သတင်းမီဒီယာ    အများစုနှင့်  အွန်လိုင်းသုံးစွဲသူများ ၏      ဖော်ထုတ်နိုင်မှုစွမ်းရည် အားနည်းနေချိန်တွင်   နိုင်ငံသား များ သတင်းအချက်အလက်များ ကို   လျင်မြန်စွာ သိရှိစေရန်နှင့် ကမ္ဘာအရပ်ရပ်ကပါ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်    ပြောင်းလဲတိုးတက်နေ သည့်     သတင်းအချက်အလက် အမှန်များကို သိရှိစေရန်  Myanmar  Digital     News     အမည်ဖြင့် အွန်လိုင်းမီဒီယာ        တစ်ခုကို         ၁၁-၁-၂၀၁၈ ရက်နေ့တွင် စတင် မိတ်ဆက်     ထုတ်လွှင့်နိုင်ခဲ့ပါ ကြောင်း။


Myanmar   Digital    News (MDN)အမည်ဖြင့်   မိုဘိုင်းအက်ပလီ ကေးရှင်း  Digital Newspaper  အဖြစ်    သတင်းနှင့်  စာနယ်ဇင်း လုပ်ငန်းမှ နေ့စဉ်ထုတ်ဝေနေသော နိုင်ငံပိုင်  သတင်းစာသုံးစောင်ကို နေ့စဉ် နံနက် ၆ နာရီဆိုသည်နှင့် အွန်လိုင်းမှ     ဖတ်ရှုနိုင်နေပြီဖြစ် ပြီး    MDN  ၏   News Portal  မှလည်း      ပြည်တွင်း/  ပြည်ပ နောက်ဆုံးရ  သတင်းများ၊   နိုင်ငံ ရေး၊  စီးပွားရေး၊  ပညာရေး၊ လူမှု ရေး၊   အတွေးအမြင်များ၊ တိုင်းရင်း သားရေးရာနှင့်   မိန့်ခွန်း  စသည် တို့ကို  ကဏ္ဍခွဲ၍ စုံလင်စွာ ဖတ်ရှု လေ့လာနိုင်သည်ကို      တွေ့ရပါ ကြောင်း။   


ယခုလို   MDN    ၏     သတင်း စီးဆင်းမှု    အရှိန်ရနေစဉ်တွင် အကျိုးတူ    ပူးပေါင်းဆောင်ရွက် နေသည့်   ကုမ္ပဏီက   မမျှော်မှန်း နိုင်သည့်    အချို့ကန့်သတ်ချက် များကြောင့်    ဆက်လက်ဆောင် ရွက်ရန်   အခက်အခဲရှိလာသည့် အတွက်      ပူးပေါင်းဆောင်ရွက်မှုကို ရပ်နားပြီး လုပ်ငန်း၏     နည်းပညာ  ပိုင်းဆိုင်ရာများနှင့်    ဆက်စပ် ပစ္စည်းများကို   လွှဲပြောင်းလှူဒါန်း ပေးအပ်သွားမည်      ဖြစ်သည့် အတွက်     အထူးကျေးဇူးတင်ရှိပါ သည်ဟု ပြောကြားလိုပါကြောင်း။


တစ်ဆက်တည်းမှာပဲ  MDN  အနေဖြင့်လည်း     ယခုမှစပြီး ကိုယ်လမ်းကိုယ့်ထွင် ကိုယ်တိုင် ဦးဆောင်  ကိုယ့်မော်ကွန်း ကိုယ် ရေးထိုးရန်     အောင်မြင်အောင် လျှောက်လှမ်းရမည့်   အွန်လိုင်း မီဒီယာခရီးလမ်းမှာ အမှားအယွင်း နည်းပါးစွာဖြင့်  အောင်မြင်ပါစေ၊ ပြည်သူများ၏  သတင်းသိရှိပိုင်ခွင့် အပေါ်ကိုလည်း  အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင် ကြပါစေဟု    ဆန္ဒပြုရင်း  နိဂုံးချုပ် လိုက်ပါကြောင်း ပြောကြားသည်။


ထို့နောက်        Megalink Advanced  Technologies Co.,Ltd   (MAT)  မှ   တာဝန်ရှိသူတစ်ဦးက   ယနေ့ လှူဒါန်းလွှဲပြောင်းပေးအပ် မှုနှင့်ပတ်သက်၍     ရှင်းလင်း ပြောကြားသည်။


လွှဲပြောင်းပေးအပ်


ယင်းနောက်     Megalink Advanced Technologies Co.,Ltd (MAT)  မှ   တာဝန်ရှိသူများက သတင်းနှင့်   စာနယ်ဇင်းလုပ်ငန်း ဦးဆောင်    ညွှန်ကြားရေးမှူးထံ  Online Digital Newspaper  & News Portal Services  လုပ်ငန်း ၏  နည်းပညာပိုင်းဆိုင်ရာများနှင့် ဆက်စပ်ပစ္စည်းများကို  လွှဲပြောင်း ပေးအပ်သည်။


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်းက  Megalink Advanced Technologies Co.,Ltd (MAT) မှ တာဝန်ရှိသူ များထံ  ဂုဏ်ပြုလက်မှတ်ပေးအပ် ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။                    

သတင်းစဉ်