မြဝတီမြို့၌ မီးပလပ်ခုံရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

မြဝတီ    မတ်    ၂ 
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် သစ္စာလမ်းနှင့် သုခမိန် လမ်းထောင့်၌ မေ ၁ ရက်  ညနေ ၃ နာရီခန့်က  မီးပလပ်ခုံရှော့ခ်ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
 ဖြစ်စဉ်မှာ   ဒေါ်မိငယ်  ကုန်ခြောက်ပစ္စည်းဂိုဒေါင်၌  တပ်ဆင်ထား သော 10.2KW ဆိုလာမီးသုံးစွဲရာ ဂိုဒေါင်အတွင်းရှိ မီးပလပ်ခုံရှော့ခ် ဖြစ်ရာမှ  မီးစတင်လောင်ခြင်းဖြစ်ပြီး   မြဝတီခရိုင်  မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ငြှိမ်းသတ်ခဲ့ရာ  ညနေ  ၄  နာရီတွင်  မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊  မီးလောင်မှုကြောင့်  ဂိုဒေါင်အတွင်းရှိ စားသုံးကုန်ပစ္စည်းများ၊ ဆိုင်ခန်း နှစ်ခန်းအတွင်းရှိ အထည်အလိပ်များ စုစုပေါင်းတန်ဖိုး ကျပ် ၁၇၁ သိန်း ကျော် မီးလောင်ပျက်စီးခဲ့ပြီး  လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှုမရှိ ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဂိုဒေါင်ပိုင်ရှင် ဦးနေဝင်းအောင်အား  အမှုဖွင့်ထားကြောင်း သိရသည်။                 ခရိုင်(ပြန်/ဆက်)