မြဝတီမြို့၌ အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်းဆင်း

 

မြဝတီ    မေ   ၂၅ 
ကရင်ပြည်နယ်      မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန  လူထုအခြေပြုဗဟို ဌာန၌   နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း      ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပန်းချီ ရေးဆွဲနည်း      သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။ 
အခမ်းအနားတွင်      ခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန     လက်ထောက်  ညွှန် ကြားရေးမှူး ဒေါ်မာမာရီက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်ကို       ရှင်းလင်းပြောကြားပြီး    မြဝတီမြို့နယ်   ပန်းချီ၊   ပန်းပု အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးက သင်တန်းတွင်      သင်ကြားပို့ချ ခဲ့မှုများနှင့်ပတ်သက်၍   ရှင်းလင်း ပြောကြားကာ  ဆုရရှိကြသည့် ကျောင်းသား    ကျောင်းသူများ အား   တာဝန်ရှိသူများက  ဆုများ  ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 
ထိန်လင်းအောင်(ပြန်/ဆက်)