
နေပြည်တော် ဖေဖော်ဝါရီ ၂၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၆ နာရီ ခန့်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အေးသာယာ(၇) လမ်း တွင် သက်နိုင်ဦးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၆ နာရီခွဲတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်နေ မနော်မယ် လီဆန်(ခ)ဒေးဖော၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇၄၁၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၆ နာရီ ခွဲတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မုဒုံမြို့ မြို့မ(၄)ရပ်ကွက် မုဒုံ-ချောင်းနှစ်ခွသွား ကားလမ်းတွင် ဟိန်းလင်းခိုင်(ခ) မောင်ပိန် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် မြောက် ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ မြို့သစ်ရပ်ကွက် ဟံသာဝတီလမ်း နှင့် ရာဇဓိရာဇ်(၃)လမ်းထောင့်အနီး တွင် ကျော်ကျော်မင်း မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀၀ ကို လည်း ကောင်း သိမ်းဆည်းရမိခဲ့ သည်။ စစ်ဆေးပေါ်ပေါက်ချက် အရ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ မြို့သစ်ရပ်ကွက် ညောင်ဦးလမ်း အမှတ်(၁၁၈၅) နေ ကျော်လင်းခိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိုက်စ် သုည ဒသမ ၀၃၅ ကီလို ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား